မိုးကုတ်မြို့နယ် ဘော်မားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး

မိုးကုတ်မြို့နယ် ဘော်မားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး
ဇန်နဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဘော်မားကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်ရာ ဒေသခံတစ်ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မိုးကုတ်မြို့နယ်ထံမှ သိရသည်။

လက်နက်ကြီးကျသဖြင့် ဦးလော်ဇုန်း အသက်(၄၅)နှစ်ကို ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်းနေထိုင်သောအိမ်နှင့် ဘေးအိမ်တစ်အိမ်လည်း လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး အဖက်ဖက်တွင် ပြိုကွဲနေပြီး ဘက်စုံအရှုံးနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်၍ စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေး အဖွဲ့ - မိုးကုတ်မြို့နယ်