ဖားကန့် နမ့်တိန်းဗျူဟာကုန်းကို KIA ပူးပေါင်းတပ်များသိမ်းပိုက်

ဖားကန့် နမ့်တိန်းဗျူဟာကုန်းကို KIA ပူးပေါင်းတပ်များသိမ်းပိုက်
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ နမ့်တိန်းဗျူဟာကုန်းကို ဝှေခါတပ်စခန်းနှင့်အတူ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဟုတ်ပါတယ်။ ဗျူဟာကုန်းကို သိမ်းလိုက်တာ။ လက်နက်ခဲယမ်းတွေရတယ်။ ဝှေခါစခန်းနဲ့အတူ တိုက်ခိုက်နေတာ။"ဟု KPDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

နမ့်တိန်းဗျူဟာကုန်းသည် ဖားကန့်မြို့အဝင်လမ်းတွင်ရှိပြီး အဆိုပါဗျူဟာနှင့် ဝှေခါရွာရဲစခန်း၊ ဝှေခါစစ်တပ်ကုန်းတို့ကို ဇန်နဝါရီလ (၆)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဝှေခါစခန်းကို ဇန်နဝါရီလ (၂၀)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency