မုံရွာမြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

မုံရွာမြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ-အမြင့်လမ်းထိပ် လဝကရုံးအဟောင်း၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဈေးဝယ်ထွက်လာရာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား (၃)ဦး၊ အမျိုးသမီး တစ်ဦးကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ (၂)ဦးသေပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Golden Eagle Force-Monwyaက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို Golden Eagle Force-Monywa နှင့်အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့(မုံရွာ)၊ Ka Naung Min Thar Gyi(Monywa)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂)ရက်နေ့ကလည်း မုံရွာမြို့အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို Golden Eagle Force-Monywaက လက်ပစ်တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency