မျောက်ပြဿနာကြောင့် စီးပွားရေးထိခိုက်နေသည့် ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့

မျောက်ပြဿနာကြောင့် စီးပွားရေးထိခိုက်နေသည့် ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့
ဖေဖော်ဝါရီ 2, 2024 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့တွင် အကောင်ရေ ထောင်နှင့်ချီသော မျောက်များကြောင့် သိသိသာသာ ပြဿနာဖြစ်စေခဲ့ပြီး မြို့လယ်ရှိ ဆိုင်များ ပိတ်ထားရသည့်အတွက် စီးပွားရေး ထိခိုက်နေသည်။ 

မျောက်အကောင်ရေ (၃,၅၀၀)ကျော် ကျက်စား နေထိုင်ကြသည့် ထိုင်းအလယ်ပိုင်း လွတ်ဘူရီမြို့တွင် စီးပွားရေးလုပ်ငန်းများနှင့် စတိုးဆိုင်များ ပိတ်သိမ်းကာ နေရာရွှေ့ပြောင်းသွားကြောင်းနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ထားကြသည်။

စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်း ရွှေ့ပြောင်းသွားကြသောကြောင့် လွတ်ဘူရီပြည်နယ်တွင် အဓိက စီးပွားရေးနေရာဖြစ်သည့် Ratchadamnoen လမ်းမပေါ်ရှိ လော့ဘ်ဘူရီမြို့လယ်မှာ ယခုအခါ လူသူခြောက်ကပ်ပြီး ပျက်စီးယိုယွင်းနေသော အဆောက်အအုံများသာ ကျန်ရှိနေကြောင်း လွတ်ဘူရီ ကုန်သည်ကြီးများအသင်း (Lopburi Chamber of Commerce) ၏ ဥက္ကဌ Pongsatorn Chaichanapanich က "Prachachat Business" သတင်းဌာနကို ပြောသည်။

လွတ်ဘူရီမြို့၏ အခြေအနေ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ မြို့လယ်ကို သမိုင်းဝင်အဖြစ် သတ်မှတ်ထားပြီး ထိုနေရာတွင် အဆောက်အအုံများ၏ အမြင့်ကို ကန့်သတ်ထားခြင်းနှင့် မူလအဆောက်အအုံများ၏ အခြေအနေကို မပြုမပြင်ဘဲ ဆက်လက် ထိန်းသိမ်းထားစေခြင်းကဲ့သို့ ဥပဒေများရှိနေခြင်း ဖြစ်သည်။ 

အလားတူ အဓိက ပြဿနာတစ်ခုမှာ လော့ဘ်ဘူရီမြို့လယ်တွင် မျောက်အရေအတွက် အလွန်များပြားပြီး ခန့်မှန်းခြေအားဖြင့် အနည်းဆုံး အကောင်ရေ (၃,၅၀၀)ကျော် ရှိမည်ဟု ဆိုသည်။

Source: Khaosod

Photo: Thairath,  Khaosod, Prachachat, Postjung