PDF များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေ

 မြို့သိမ်းတိုက်ပွဲအတွင်း   သိမ်းဆည်းရမိခဲ့သော   စစ်လက်နက်များ
မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သော   စစ်လက်နက်များ
PDF များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေ
ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတို့ ပူးပေါင်းပြီး  ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ခန္တီးခရိုင် အမှတ်(၂)တပ်ရင်းက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရွှေပြည်အေးမြို့ကို NUG ၏ ကာကွယ်‌ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ခန္တီးခရိုင်အမှတ်(၂)တပ်ရင်းအပါအဝင် မဟာမိတ်တပ်များကပြီး ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ကာ ယနေ့အထိ မဟာမိတ် PDF တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းက ရွှေပြည်အေးမြို့ကို ပြန်လည်ထိုးစစ်ဆင်ကာ ထိန်းချုပ်နိုင်‌ရေး ကြိုးစားနေသဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့မှ စတင်၍ မြို့အနီး၌ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

 မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီး သိမ်းဆည်းရမိခဲ့သော  စစ်သုံ့ပန်းများနှင့် စစ်လက်နက်များ

စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြို့မှ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ခဲယမ်း၊ ကျည်ထောက်ပို့ပေး‌နေပြီး စစ်အင်အား အများအပြားဖြင့်မြို့ကို စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

ဟုမ္မလင်းမြို့ပေါ်မှလည်း ဟောင်ဝင်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ Mi 2 ဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ (၁၂၀)မမ၊ (၈၁)မမ များဖြင့် ပစ် တ်ခြင်းများ နေ့စဉ်ပြုလုပ်နေသော်လည်း ရွှေပြည်အေးမြို့ကို တော်လှန်ရေး တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင်ရှိဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။