ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်တို့ကို ရှင်းလင်းသည့်အဖွဲ့ ဘေးကင်းလုံခြုံရာတွင် ရောက်ရှိ ဖုန်း(၂)လုံးထဲက စကစ အကြီးပိုင်းနှင့် ဒေါက်တိုင်များ၏ အချက်အလက်များပါ ရရှိထား

ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်တို့ကို ရှင်းလင်းသည့်အဖွဲ့ ဘေးကင်းလုံခြုံရာတွင် ရောက်ရှိ ဖုန်း(၂)လုံးထဲက စကစ အကြီးပိုင်းနှင့် ဒေါက်တိုင်များ၏ အချက်အလက်များပါ ရရှိထား
အောက်တိုဘာ 10, 2022 | 2021 Military Coup| အခြားဒေသများ

ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်တို့ကို ရှင်းလင်းသည့်အဖွဲ့ ဘေးကင်းလုံခြုံရာတွင် ရောက်ရှိနေ

* * * * *



အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်ဖြစ်သူတို့အား ရန်ကုန်မြို့တွင် ပစ်ခတ်ရှင်းလင်းခဲ့သည့် အဖွဲ့ဝင်များ ဘေးကင်းလုံခြုံရာနေရာတွင်ရှိနေပြီး ၎င်းတို့ထံမှ သိမ်းဆည်းခဲ့သည့် ဖုန်းများမှ အချက်အလက်များကို စိစစ်နေကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် Inya Urban Force (IUF)က သတင်းထုတ်ပြန်ထားသည်။

'' ဗိုလ်ချုပ်အုန်းသွင်ဖုန်းနဲ့ သူ့သားမက် ရဲတေဇဖုန်း​ကို မစ်ရှင်လုပ်ရင်းတပါတည်း ကျွန်တော်တို့သိမ်းယူခဲ့တယ်။ အုန်းသွင် ဖုန်းက iphone ဖြစ်ပေမဲ့ Lock မချထားတော့ ဖုန်းထဲကအချက်အလက်တွေရဖို့  အထူးတလည် အားစိုက်စရာ မလိုခဲ့ဘူး။ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိ ဖုန်းကိုပို့ပြီး အဲဒီက နည်းပညာရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ် အချက်အလက်အကုန် မဟုတ်ပေမယ့် တော်တော်များများကို ကျွန်တော်တို့ရထားပါတယ် '' ဟု Inya Urban Force (IUF)၏ တာဝန်ရှိသူကဆိုသည်။

 Inya Urban Force (IUF) နှင့် အမည်မဖော်လိုသည့် ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုတို့ အတူပူးပေါင်းကာ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သူ၏သားမက်တို့ကို စက်တင်ဘာလ (၂၄) ရက်နေ့က ရန်ကုန်မြို့ရှိနေအိမ်တွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် အဆိုပါအဖွဲ့အား ဖမ်းဆီးရမိထားသည်ဟု အာဏာသိမ်းစစ်ကောင်စီဘက်မှ သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

'' စကစ ဘက်က လူတွေကတော့  iphone ကိုခြေရာခံလိုက်ပြီး  ကျွန်တော်တို့ကိုမိပါပြီလို့ သတင်းလွှင့်နေတာက သူ့လူတွေကိုပါ ဝါဒပြန်ဖြန့်ပြီး အားပေးနေရတဲ့သဘော ရှိတယ်။ အခုဖုန်းထဲက အချက်အလက်တွေကိုအခြေခံပြီး စကစထောက်တိုင်တွေကို ဖြိုချဖျက်ဆီးဖို့  ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်တာဆက်လုပ်မယ်။ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီဖုန်းထဲက သတင်းအချက်အလက်တွေကို မျှဝေမယ်။ကျွန်တော်တို့ ပြည်သူတွေအတွက် တရားမျှတမှု ပြန်ရှာမယ်  ''ဟု Inya Urban Force (IUF)၏ တာဝန်ရှိသူကဆိုသည်။

ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သူ၏သားမက်တို့ကို ရှင်းလင်းသည့်မစ်ရှင်တွင်ပါဝင်သော လူငယ်များကို ခြေရာခံဖမ်းမိထားပြီး နောက်ကွယ်က ကြိုးကိုင်နေသူများကိုလည်း သိရှိထားပြီဟု  စစ်ကောင်စီလော်ဘီများက သတင်းမှားများထုတ်နေခြင်းဖြစ်သည်။

သိမ်းဆည်းရမိထားသည့် ဖုန်းများအတွင်းမှ အချက်အလက်များကို ရရှိထားပြီး ၎င်းတို့နှစ်ဦးနှင့် ဆက်စပ်နေသော စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်များကို ဆက်လက်ချိတ်ဆက်ရှာဖွေလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။