စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟု PNLO ကြေညာ၊ NCAမှ နိုင်ငံရေးရလဒ် ရရှိခဲ့ခြင်းမရှိဟုဆို

စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟု PNLO ကြေညာ၊ NCAမှ နိုင်ငံရေးရလဒ် ရရှိခဲ့ခြင်းမရှိဟုဆို
ဇန်နဝါရီ 26, 2024 | 2021 Military Coup| ရှမ်းတောင်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်‌ကြေညာသည်။

PNLOသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင်းတလျှက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်သည်အထိ ဘဝတူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဟု ကြေညာသည်။

လက်ရှိစစ်ရေးပဋိပက္ခတွင် ပအိုဝ်းအမျိုးသားအချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံ အဖွဲ့အနေဖြင့် အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်သွားရန် တိုက်တွန်းထားသည်။

ထို့အပြင် PNLOသည် စစ်တပ်အာဏာသိမ်းသော်လည်း NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သော်လည်း စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေးတွေ့ဆုံမှု အခင်းအကျင်းတွင် (၈)နှစ်တိုင် မျှော်လင့်ချက်ကြီးစွာ ပါဝင်ခဲ့သော်လည်း နိုင်ငံရေးရလဒ် ရရှိခဲ့ခြင်းမရှိဟု ဆိုသည်။

#TachileikNewsAgency