အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို တော်လှန်ရေးတပ်များထိန်းချုပ်

အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို တော်လှန်ရေးတပ်များထိန်းချုပ်

စစ်ကိုင်းတိုင်း အင်တော်မြို့နယ် မော်လူးမြို့အား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ABSDFက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မော်လူးမြို့ကို ABSDF(NB) အမှတ်(၁) စစ်ကြောင်း၊ KIA၊ PDF ပကဖများ၊ ပလဖများ ပူးပေါင်းတပ်ပေါင်းစုမှ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်မှစ၍တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲမှာ (၄)နာရီဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး နံနက်(၆)နာရီဝန်းကျင်တွင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ လက်ရှိ အနေအထားအရ သိမ်းဆည်းမှုများကို စီစစ်နေပြီး စစ်ကောင်စီမှ လေကြောင်းမှ လာရောက်ပစ်ခတ်နေသည်ဟု သိရသည်။

တော်လှန်ရေးတပ်များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ခမ်းပါတ်နှင့် ရွှေပြည်အေးမြို့တို့ကိုလည်း သိမ်းပိုက်ထားသည်။

#TachileikNewsAgency