မြို့လှမြို့နယ်အတွင်း ချောင်းဝရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF က ကြားဖြတ် တိုက်ခိုက် 

မြို့လှမြို့နယ်အတွင်း ချောင်းဝရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF က ကြားဖြတ် တိုက်ခိုက် 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့နယ်အတွင်း ချောင်းဝရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် မြို့လှ PDF တို့ ယနေ့ မတ်လ(၁၃)ရက်နေ့ နံနက်(၆)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

အင်အား(၇၀)ကျော်ပါသည့် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၄၁၅)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များသည် ချောင်းဝရွာမှ ဆင်ကုန်တိုက်ရွာဖက်သို့ ခြေလျင်စစ်ကြောင်းထိုးလာစဉ် မြို့လှ PDF ၏ တပ်ခွဲ(၂)မှ ဗိုလ်ဇာမဏီ ဦးဆောင်သည့် တပ်ဖွဲ့က ကြားဖြတ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် (၄၅)မိနစ် ဝန်းကျင်ကြာခဲ့ကြောင်း မြို့လှ PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများ  သေဆုံး ဒဏ်ရာရရှိသူ များပြားရှိနိုင်ပြီး မြို့လှ PDF တပ်ဖွဲ့များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။