မဘိမ်းမြို့တွင် ရဲစခခန်းကလွဲ၍ မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထား

မဘိမ်းမြို့တွင် ရဲစခခန်းကလွဲ၍ မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထား
ဇန်နဝါရီ 21, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့တွင် ရဲစခန်းတစ်ခုကလွဲ၍ တစ်မြို့လုံးကို KIA ပူးပေါင်းတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

"ကြားရတဲ့သတင်းအရ မဘိမ်းမြို့မရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းထားတယ်လို့ ကြားတယ်။ ကျွန်တော်လည်း ပြေးနေရလို့ အသေးစိတ်တော့မသိဘူး။ စစ်ကောင်စီတပ်ကတော့ လေကြောင်းကနေ ဗုံးကြဲနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KIA တပ်ရင်း(၁၂)နှင့် ရွှေကူ PDF၊ မိုးကြိုးတပ်ခွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်နေပြီး လေကြောင်းမှလည်း အကြိမ်ကြိမ် လာရောက်ဗုံးကြဲနေသဖြင့်  အသေးစိတ်အချက်အလက်ကို သိရှိနိုင်ရန် Tachileik News Agencyက သက်ဆိုင်ရာ တပ်ဖွဲ့များထံ ဆက်သွယ်နေဆဲဖြစ်သည်။

#TachileikNewsAgency