အင်းစိန် CID ရုံး မိုင်းခွဲခံရ

အင်းစိန် CID ရုံး မိုင်းခွဲခံရ
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ၏ မှုခင်းရဲတပ်ဖွဲ့ဌာနချုပ်ရုံး(CID)ကို ယ‌နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ ည(၇)နာရီကျော်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။

အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Army(YA)တို့ ပူးပေါင်းပြီး CIDရုံးရှေ့ဂိတ်အား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါ။

ပြည်သူများအား မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ပြီး နောက်ထပ်ပစ်မှတ်ကြီး များကိုလည်း မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်မည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော နေရာများနှင့် ဝေးဝေးနေထိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ CIDရုံးသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလကလည်း မိုင်း(၂)လုံးခွဲတိုက်ခိုက်ခံခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ကလည်း စစ်ကောင် စီ လက်အောက်ခံ သု၀ဏ္ဏ မြို့မရဲစခန်းအား အနောက်ပိုင်းခရိုင် ပကဖနှင့် မိတ်ဖက်အဖွဲ့များ ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency