ကျောက်တံခါးတွင် နယ်မြေစိုးမိုးရေးလုပ်နေသည့် PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကျောက်တံခါးတွင် နယ်မြေစိုးမိုးရေးလုပ်နေသည့် PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
ဇန်နဝါရီ 24, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် မင်းလှ-စိန်ကန့်လန့်လမ်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့၊ နံနက်ပိုင်းက နယ်မြေစိုးမိုးရေးလုပ်နေသည့် PDF တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင် တပ်ရင်း(၃၇၀၁)၊ တပ်ခွဲ ၅ (Dike-U Defence Force)မှ နယ်မြေစိုးမိုးရေးလုပ်နေစဉ် စစ်ကောင်စီ၏ စစ်ကား (၂)စီးတက်လာ၍ လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ (၁)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အင်အား (၂၀)ခန့်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသူများကို ကားပေါ်သို့ ဆွဲတင်ကာ တောင်ငူဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု Dike-U Defence Forceထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိပါ။

#TachileikNewsAgency