ငပလီရှိ ခရိုနီဦးတေဇပိုင် ဟိုတယ် မီးလောင်

ငပလီရှိ ခရိုနီဦးတေဇပိုင် ဟိုတယ် မီးလောင်
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ စစ်‌အုပ်စုထောက်တိုင် ခရိုနီ ဦးတေဇပိုင် Ngapali Aureumဟိုတယ် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ည (၆)နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပြီး ဆုံးရှုံးမှုများကြောင်း ဒေသခံများထံမှ သိရသည်။

"မီးကတော်တော်များတယ်။ အဆောင်တွေပါကူးပြီးလောင်နေတာ။ ဝါယာရှော့ဖြစ်တာလို့လည်း သိရတယ်။ လူထိခိုက်တာရှိ၊ မရှိတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ည(၉)နာရီခွဲတွင်ပြောသည်။

Ngapali Aureumဟိုတယ်သည် ငပလီမြို့ မြပြင်ရပ်ကွင်တွင်ရှိပြီး ယခင်က လူရည်ချွန်စခန်းအားယူကာ ဆောက်လုပ်ထားသည့် ဟိုတယ်ဖြစ်သည်။

"စစ်အာဏာရှင် သန်းရွှေလက်ထက်မှာ သန်းရွှေရဲ့ စီးပွားရေးထောက်တိုင် ခရိုနီဦးတေဇက လူရည်ချွန်စခန်းလို့ အမည်တပ်ထားတဲ့ စစ်သားအကျိုးအကန်း‌တွေထားတဲ့နေရာကို ၂၀၁၂ ခုနှစ်မှာသိမ်းတယ်။ ပြီးတော့ ဟိုတယ်ဆောက်လိုက်တာ။"ဟု ဒေသခံတစ်ဦးပြောသည်။

မီးလောင်မှု‌နှင့် ပတ်သက်ပြီး ဆုံးရှုံးမှုနှင့် အခြားအခြေအနေများကိုမူ Tachileik News Agencyက ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency

Photo : CJ