လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ကားတစ်စီးကို လောင်းလုံး PDF ပစ်ခတ်

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ကားတစ်စီးကို လောင်းလုံး PDF ပစ်ခတ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှ ကျောက်ဝပ်ပြင်ကျေးရွာသို့လာသည့် စစ်ကောင်စီတပ်ကားတစ်စီးအား ပြီးခဲ့သည် ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့ ညနေပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်နီမော်ကျေးရွာမှ ကျောက်ဝပ်ပြင်ကျေးရွာသို့လာသည့် စစ်ကောင်စီတပ်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိနစ်(၂၀)ခန့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်၍ စစ်ကူရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ် (၄၁၀)ခြေမြန်တပ်ရင်းမှ ဗိုလ်ဝေမင်းသူနှင့် ပျူစောထီးတစ်ဦးတို့ သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးသူများကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

အဆိုပါပစ်ခတ်မှုအပြီး ညနေပိုင်းတွင် ထားဝယ်မြို့မှရေကြောင်းဖြင့် အင်အား (၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျော်နီမော်ကျေးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။

#TachileikNewsAgency