မွန်ပြည်နယ် ခေါဇာမြို့နယ်ရဲစခန်းကို ရေးဘီးလူးတပ်ဖွဲ့ မီးရှို့ရှင်းလင်း

မွန်ပြည်နယ် ခေါဇာမြို့နယ်ရဲစခန်းကို ရေးဘီးလူးတပ်ဖွဲ့ မီးရှို့ရှင်းလင်း
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ရေးဘီလူးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ရေးဘီလူးတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ၏ မကြာခဏ တိုက်ခိုက်မှုကြောင့် ခေါဇာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စစ်တပ်ဝန်းအတွင်းသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်ဟု သိရသည်။

"၂၀၂၃ ခုနှစ်မှာ ရဲစခန်းမှာ မနေရဲလို့ တပ်ထဲကိုပြောင်းနေတယ်။ စခန်းကို မကြာခဏလာတယ်။ သူတို့အချက်အလက်တွေကိုတော့ စခန်းမှာ ထားလေ့ရှိတယ်ပေါ့။ အဲဒီတော့ စခန်းကို မီးရှို့တယ်ပေါ့။ သူတို့က စခန်းကို အကာအကွယ်ပြုမယ့် အခြေအနေမျိုးရှိရင် ကျွန်တော်တို့က ပြန်ပစ်ခတ်မယ်ပေါ့နော်။ အဲဒီပုံစံမျိုးလျာထားပြီး မီးရှို့တာပေါ့။ ရှို့တော့ စခန်းကိုမီးရှို့နေလဲ ထွက်‌မလာဘူး။ သူတို့ဘက်ခြမ်းက အင်အားလည်း နည်းတယ်။ အရင်ကလိုမျိုး လှုပ်ရှားမှုမျိုးတွေ ခပ်စိတ်စိတ်လေး မလုပ်ရဲတော့ဘူးပေါ့။ ခေါဇာမြို့ထဲကိုတောင် ယူနီဖောင်းတွေနဲ့ဆို မလာရဲတော့ဘူးပေါ့နော်။ ရဲစခန်းထဲကိုလာရင်လည်း အပင်ဝတ်တွေနဲ့လာတာမျိုး ဒေသခံတွေက ကျွန်တော်တို့ကိုပြောတယ်။"ဟု ရေးဘီးလူးက Tachileik News Agencyကိုပြောသည်။

၂၀၂၂ခုနှစ်က ခေါဇာနယ်မြေရဲစခန်းမှူးအပါဝင် တပ်ကြပ်တစ်ဦး၊ တပ်သားတို့ကို ရေးဘီလူးက ပစ်ခတ်ခဲ့ရာ သေဆုံးပြီး သေနတ် ၃)လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency