ကျောက်မဲမြို့တွင် ဗဟိုဈေးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှု ကန့်သတ်လိုက်ပြီး မြို့အဝင်လမ်းများကို ပြန်ပိတ်လိုက်ပြီ

ကျောက်မဲမြို့တွင် ဗဟိုဈေးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှု ကန့်သတ်လိုက်ပြီး မြို့အဝင်လမ်းများကို ပြန်ပိတ်လိုက်ပြီ
စက်တင်ဘာ 10, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဗဟိုဈေးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှု ကန့်သတ်လိုက်ပြီး မြို့အဝင်လမ်းများကို ပြန်ပိတ်လိုက်ပြီ
နိုင်ငံအတွင်း Covid-19 ကူးစက်ရောဂါပြန့်ပွားမှု များပြားလာသည့်အတွက် ကျောက်မဲမြို့တွင်  မကြာသေးခင်က ပြန်ဖွင့်ခွင့်ပေးထားသော ဗဟိုစျေး ကန့်သတ်လိုက်ပြီး  မြို့အဝင်လမ်းများအား  ၂၀၂၀ခုနှစ် စက်တင်ဘာ (၁၀)ရက်ကစ၍ ပြန်ပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
"ဒီနေ့ကစပြီး ဗဟိုစျေးကို တောင်ဘက်နဲ့ မြောက်ဘက် ခွဲပြီး တစ်ရက် တစ်ခြမ်းဆီပဲ ဖွင့်ခွင့်ပေးတော့တာ ဖြစ်ပါတယ်။ ရက်အကန့်အသတ်ကတော့ ပြောလို့မရသေးဘူး။ ရောဂါကူးစက်ပြန့်ပွားမှု အတိုင်းအတာတစ်ခုထိ လျှော့ကျသွားတဲ့ထိ စောင့်ကြည့်ပြီး သင့်တော်သလို ဆက်လုပ်သွားရမှာပါ"ဟု ကျောက်မဲမြို့နယ် စည်ပင် သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် မတ်လကစ၍ Covid -19ရောဂါ ပြန့်ပွားမှု ကာကွယ်ရန်အတွက် ကျောက်မဲ ညစျေးကို ပိတ်ထားပြီး ဗဟိုစျေးကိုလည်း  ဇူလိုင်လ (၁)ရက်ကစ၍ ပြက္ခဒိန်ရက် စုံ နှင့် မ ခွဲကာ တောင်ဘက်၊ ​မြောက်ဘက် တစ်ရက်စီ ဖွင့်စေခဲ့ပြီးနောက်  သြဂုတ်လ (၂၃)ရက်ကမှ အပြည့် ပြန်ဖွင့်စေခဲ့သော်လည်း လက်ရှိ Covid-19 အခြေအနေကြောင့် စက်တင်ဘာ (၁၀)ရက်တွင် တစ်လှည့်စီ ပြန်ဖြစ်သွားခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ပပြန်နှင့် ရန်ကုန်၊ ရခိုင် ကဲ့သို့ Covid-19 ပိုးတွေ့ရှိသော ဒေသမှ ကျောက်မဲသို့ လာရောက်သူများ၏ ကျန်းမာရေး၊ ခရီးသွားရာဇဝင် စသည်တို့ကို ကောက်ယူရန် ပင်လုံလမ်း ရှိ Check Point မှ ဖြတ်သန်းစေမည်ဖြစ်ပြီး အခြားလမ်းများ အားလုံးကို စက်တင်ဘာ (၁၀)ရက် နံနက်ကစ၍  ပိတ်ထားလိုက်ပြီ ဖြစ်သည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့် 
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~