အာဏာသိမ်း စစ်အုပ်စုကို ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ပြုထားသည့် တရားရုံးများတွင်  တရားစွဲဆိုထားကြောင်း  NUG ထုတ်ပြန်

အာဏာသိမ်း စစ်အုပ်စုကို ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ပြုထားသည့် တရားရုံးများတွင်  တရားစွဲဆိုထားကြောင်း  NUG ထုတ်ပြန်
ဇန်နဝါရီ 28, 2023 | 2021 Military Coup| အခြားဒေသများ

 မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံ ပြုလုပ်နေသည့် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာတရားစီ ရင်ပိုင်ခွင့်ပြုထားသည့် တရားရုံးများ၌ တရားစွဲဆိုထားမှုကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စုကို ဂျာမဏီ၊ တူရကီ၊ အာဂျင်တီးနား၊ အင်ဒိုနီးရှားနှင့် ဖီလစ်ပိုင်နိုင်ငံတို့တွင် တရားစွဲဆိုရန် ဆောင်ရွက်နေပြီး အာဂျင်တီးနားနိုင်ငံရှိ တရားရုံးကမူ လက်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို စတင်စစ်ဆေး နိုင်စေရန်အတွက် မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများမှ လွတ်မြောက်ကျန်ရစ်သူများနှင့် သက်သေများက Fortify Rights ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျာမဏီအာဏာပိုင်များထံသို့ မကြာသေးမီက တောင်းဆိုတင်ပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတာဝန်ရှိမှု ပရောဂျက်သည် နှိပ်စက်ညှဥ်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည့် စစ်တပ်ကို အရေးယူဆောင်  ရွက်နိုင်စေရန်အတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုမှုစတင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ တရားစွဲဆိုနိုင်စေရန် တရားရေးဆိုင်ရာ စည်းမျဥ်းများကို ပံ့ပိုးပေးနေသည့်အပြင် အာဏာသိမ်းစစ်အုပ်စုအား ဖိလစ်ပိုင်နိုင်ငံတွင် အလားတူ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိသည်ဟုလည်း သိရသည်။

ယူကေနိုင်ငံရှိ ဗမာ့ရိုဟင်ဂျာအဖွဲ့အစည်း (BROUK)က တင်သွင်းခဲ့သည့် မြန်မာ့လုံခြုံရေးအဖွဲ့များက ရိုဟင်လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုကို အာဂျင်တီးနားနိုင်ငံရှိ တရားရုံးက လက်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး အထူးသဖြင့် နိုင်ငံတ ကာတရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်ကို ကျင့်သုံးပိုင်ခွင့်ရှိသော နိုင်ငံများအနေဖြင့် အလားတူပံ့ပိုးပေးမှုများ ဆောင်ရွက်ရန်လည်း NUG ကတောင်းဆိုထားသည်။