မြိုင်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်း ပေပါမိုင်းခွဲခံရ

မြိုင်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်း ပေပါမိုင်းခွဲခံရ

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းတွင် (ပေပါ)မိုင်းကြီးဖြင့် ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

အဆိုပါစစ်ကြောင်းကို ပြီးခဲ့သည့်ရက်တွင် မြိုင်မြို့နယ် ပကဖ က တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် တွင်းမရွာ၌ (၂)ရက်ခန့် တပ်စွဲခဲ့ပြီးနောက် ထွက်လာရာ နှမ်းဆီကန်ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကင်းတိုထွက်လာသည့် ၎င်းစစ်ကောင်စီတပ်ကို မြိုင်ပကဖက (ပေပါ)မိုင်းကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထောက်ပို့လာသည့် အဆိုပါစစ်ကြောင်းသည် အရပ်သားများကို ဖမ်းဆီး၍  လူသားဒိုင်းအဖြစ် ခေါ်ယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခဲ့မှုကို မြိုင် ပကဖ တပ်ရင်း (၂၊ ၆၊ ၇၊ ၁၇)၊ မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁)-တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ Myaing Warriors တပ်ဖွဲ့၊  အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့နှင့် KMDF-ကမ္မကာကွယ်ရေးတပ်ဖွဲ့ (ကမ္မတပ်ပေါင်းစု)တို့ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency