ပုသိမ် စနခ ၄၄၄ တပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦး အလင်းဝင်

ပုသိမ် စနခ ၄၄၄ တပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦး အလင်းဝင်

ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ(စ.န.ခ ၄၄၄)မှ တပ်ကြပ်ကြီးစာရေးတစ်ဦး အလင်းဝင်လာကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက်ပြီး CDMပြုလုပ်လာသည့် အဆိုပါ တပ်ကြပ်ကြီးတစ်ဦးအား ပကဖမှ တာဝန်ယူပြီး  CDMနှင့် သက်ဆိုင်သည့်နေရာသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ၎င်းတပ်ကြပ်ကြီးအား မြို့နယ်ပကဖတာဝန်ခံမှ ဂုဏ်ပြုဆုငွေ (၅)သိန်းကျပ်အား ပေးအပ်ခဲ့ပြီး CDMနှင့်သက်ဆိုင်သည့် ကိစ္စရပ်၊ လိုအပ်သည့်အရာများကိုပါဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ပုသိမ်မြို့နယ် ပကဖထံချိတ်ဆက်၍  CDM ပြုလုပ်လာခဲ့သည့် ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ထမ်း (၇)ဦးအထိရှိလာပြီဖြစ်ပြီး

ပြည်သူ့ရင်ခွင်ခိုလှုံကြရန် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်တွန်းထားသည်။

#TachileikNewsAgency