တိုက်ပွဲပြင်းထန်နေသည့် ဆွမ်ဘရာဘွမ်စခန်းမှ ပြည်သူ့စစ်တစ်ဦး ထွက်ပြေးကာ အလင်းဝင်လာ

တိုက်ပွဲပြင်းထန်နေသည့် ဆွမ်ဘရာဘွမ်စခန်းမှ ပြည်သူ့စစ်တစ်ဦး ထွက်ပြေးကာ အလင်းဝင်လာ

ကချင်ပြည်နယ်ရှိ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ တပ်ဖွဲ့ဝင်တစ်ဦး ပူတာအို PDFထံ ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၈)ရက်နေ့တွက် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ပြည်သူနှင့်အတူ ရပ်တည်လိုသဖြင့် လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းသည် စစ်ရေးတင်းမာနေသည့် ဆွမ်ဘရာဘွမ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူနှင့်အတူ ရပ်တည်လိုသည့် အခြားပြည်သူ့စစ် (၂၀)ဦး ဝန်းကျင်မှာ ထွက်မရဖြစ်နေသည်ဟု သိရသည်။

အဆိုပါတပ်စခန်းတွင် ပြည်သူ့စစ်(၂၀)ဦးဝန်းကျင်နှင့် စစ်ကောင်စီတပ်သား(၃၀)ဦးဝန်းကျင် ကျန်ရှိနေသည်ဟု ၎င်း၏ ပြောပြချက်အရ သိရကြောင်း ထုတ်ပြန်ထားပြီး လက်ရှိတွင် ဆွမ်ဘရာဘွမ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိရေး KIAက ဆက်လက်တိုက် ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency