ပြောင်းလဲခြင်းများစွာ မန်းစက်တော်ရာ

ပြောင်းလဲခြင်းများစွာ မန်းစက်တော်ရာ
ဖေဖော်ဝါရီ 6, 2019 | အခြားဒေသများ| ဆောင်းပါး

နိုင်ငံအဝန်း ရက်ရှည်ကျင်းပသည့် ဘုရားပွဲတော်များထဲတွင် မန်းစက်တော်ရာဘုရားပွဲတော်သည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ဇာတ်၊ အငြိမ့်၊ ရုပ်ရှင် စသည့် ဖျော်ဖြေပွဲနှင့် ကြည့်ချင်ပွဲများ အလျဉ်း ပါဝင် ခြင်းမရှိဘဲ နှစ်လကျော် သုံးလနီးပါး ကျင်းပသည့် ဘုရားပွဲတော်တစ်ခုအဖြစ် ထင်ရှားလှ၏။



ဘုရားပွဲဝင်လွယ် လမ်းနှစ်သွယ်

ရွှေစက်တော်ဘုရားမှာ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် အတွင်း၌ တည်ရှိပြီး မင်းဘူး မြို့မှ(၃၇)မိုင်ခန့်သာ ကွာဝေးရာ ပဒါန်းဘက်မှလည်းကောင်း မင်းဘူးဘက်မှလည်းကောင်း ပုသိမ်-မုံရွာ လမ်းအတိုင်း လာရောက်ကြမည်ဆိုပါက (၈) မိုင်လမ်းမှသော်လည်းကောင်း၊ (၃) မိုင်လမ်းမှသော်လည်း ကောင်း ဆိုင်ကယ်/ကား ယာဉ်အမျိုးမျိုးဖြင့် အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်သည်။ (၃)မိုင်လမ်း ဖောက်ပြီးနောက် (၈)မိုင်လမ်းမှ အဝင်နည်းပြီး လမ်းသာသည့် (၃)မိုင်လမ်းမှ လှေတင်တံတားကိုဖြတ်၍ ဝင်ရောက်သည်က များ၏။

မင်းတို့ကိုပဲ ဖူးပြီးပြန်တော့မယ်

ဘုရားပွဲတော်ရာသီမှာ နွေကာလဖြစ်၍ အညာနွေ၏ ပူပြင်းသည့် နေရောင်အောက်တွင် ဘုရားသို့ မြန်မာပြည်တစ်နံတစ်လျားမှ ဦးခိုက်လာကြသော ရဟန်းရှင်လူပြည်သူများအနဖြေင့် ခရီး အတို၊အရှည် အရ ပင်ပန်းနွမ်းနယ်မှုရှိကြရ၏။ ယင်းသို့ ပင်ပန်းလာသမျှ သဘာဝတောတောင်ထဲ၌ သဘာဝကျစွာ တည်ရှိနေသည့် သက္ကယ်မိုး ထရံကာ တည်းခိုဆောင်များနှင့် အရောင်တလက်လက်ဖြင့် မြွေနဂါးတစ် ကောင်အလား ကွေ့ကောက်စီးဆင်းနေသည့် မန်းချောင်း(နမ္မဒါမြစ်)ကို တွေ့မြင်လိုက်ရရုံမျှဖြင့် ပင်ပန်းမှုတို့ ကွယ်ပျောက်ကြရသည်မှာ ရောက်ဖူးသူတိုင်း သိရှိကြပေသည်။

သို့သော် နှောင်းကာလ လွန်မြောက်ခဲ့၍ မျက်မှောက်ခေတ်ကာလတွင်မူ ခရီးပန်းလာသည့် ဘုရားဖူးများ၏ရင်ဝကို ဆီးကန်ခံရသလိုဖြစ်ရသည်က တည်းခိုဆောင်ခဈေးနှုန်းများကြောင့်ပင်ဖြစ်ချေတော့သည်။ ဘုရားဖူးကျသည့် ရက်များတွင် လူ(၆)ဦးခန့်သာ ဝင်ဆန့်ပြီး (၈)ပေပတ်လည်ခန့်သာ အကျယ်အဝန်း ရှိသော သက္ကယ်မိုး ထရံကာ၊ ဝါးကြမ်းခင်း အခန်းတစ်ခန်းလျှင် ကျပ်(၁)သိန်းဝန်းကျင် ပေးတည်း ကြရသောကြောင့် ဘုရားဖူးလာသူတစ်ချို့ဆီက “အဲလောက်ပေးတည်းပြီးတော့ ဘုရားမဖူးနိုင်တော့ပါဘူး မင်းတို့ကိုပဲ ဖူးပြီး ပြန်ပါတော့မယ်”ဟု ပင် ညည်းတွားမှုများရှိခဲ့သည်။

တပ်မတော်အသွင်ပြောင်း အရပ်သားအစိုးရလက်ထက်မှစတင်၍ ရွှေစက်တော်ဘုရားဝတ္တက နယ်မြေမှာ ဘုရားပွဲတော်ရာသီတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လက်ဝါးကြီးအုပ်ရာ စားကျက်မြေဖြစ်ခဲ့ရသည်။

အရပ်သားဂေါပက ဖြစ်လာကြသော်လည်း ဂေါပကအဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာများက ဦးဆောင်နေရာများတွင် နေရာယူ၍ အဂတိ မကင်းသော စီမံခန့်ခွဲမှုများပြုလုပ်ခဲ့သဖြင့် ရွှေစက်တော်ဘုရား၏ ပုံရိပ်ကို ထိခိုက်စေသည်ဟုဆို ကာ NLD အစိုးရလက်ထက်တွင် အရပ်သား စစ်စစ်များကို ဂေါပကတာဝန် ပေးခဲ့သည်။

ယင်း ပြောင်းလဲမှုကြောင့် ဘုရားကြီးရန်ပုံငွေ တိုးပွားလာခြင်းသာရှိခဲ့ပြီး အရပ်သားဂေါပကအဖွဲ့မှာ ဂေါပက အဆက်ဆက် ကြုံတွေ့ခဲ့ရဖူးခြင်းမရှိခဲ့သည့် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ဆန္ဒဖော်ထုတ်မှုများ၊ ဂေါပကအဖွဲ့မှ တရားစွဲခြင်းများ၊ တရားစွဲဆိုခံရခြင်းများနှင့် ပင် ရင်ဆိုင်ခဲ့ရပြန်၏။

အုပ်ချုပ်ရေးပိုင်းနဲ့ အရပ်သားဂေါပက တွဲဖက်ကြပြီ

သို့အတွက် ယခုနှစ်တွင် ဂေါပကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ မင်းဘူးခရိုင်အုပ်ချုပ် ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သော ဘုရားပွဲတော်ကျင်းပရေးကော်မတီကို ဆပ်ကော်မတီ(၉)ခုဖြင့် ဖွဲ့စည်းကာ အားသစ်လောင်း၍ ဘုရားပွဲ တော်ကို အကောင်အထည်ဖော်ဆောင်လျှက်ရှိနပြေီဖြစ်၏။

ထောင့်စေ့နိုင်သမျှ လုပ်မှာဖြစ်ပါတယ်။ ဒီနှစ် ဂေါပကအဖွဲ့ ဖွဲ့တဲ့နေရာမှာ မင်းဘူးအုပ်စု၊ စကုအုပ်စု စသဖြင့် အုပ်စုတွေကွဲနကြေမှာစိုးလို့ ပိုပြီးအဆင်ပြေချောမွေ့အောင် မကွေးကပါ ထည့်လိုက်တယ်။ ပြီးခဲ့ တဲ့နှစ်က ဂေါပကအဖွဲ့ထဲမှာ တည်းကျောင်းမဲဝင်နှိုက်တဲ့ ဂေါပက ပါတယ်လို့သိရတယ်။ အဲဒါမျိုးတွေမဖြစ်ရ အောင် ဒီနှစ် ကြိုးစားလုပ်ဆောင်နေပါတယ်။လက်ရှိ ဂေါပကအဖွဲ့ရဲ့ ဆောင်ရွက်နေမှုတွေအပေါ် အားရပါ တယ်

ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများနှင့်တွေ့ဆုံစဉ် က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က မိုးခို ဈေးသည်များနှင့် ပတ်သက်ပြီး ဂေါပကအဖွဲ့အပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြသည် အထိ အခြေအနေ တင်းမာမှုရှိခဲ့သော်လည်း အသစ်ဖွဲ့စည်းလိုက်သည့် ဂေါပကအဖွဲ့ကမူ မိုးခိုဈေးသည်များ နှင့် ဆွေးနွေးမှုများပြုလုပ်၍ သင့်တော်သည့်နေရာများတွင် နေရာပေး ဈေးရောင်းချခွင့် ပြုခဲ့သဖြင့် ဘုရား ပွဲတော်အကြိုကာလတွင် ဂေါပကအဖွဲ့မှာ မျက်နှာရခဲ့ပေသည်။

သို့သော်လည်း ဘုရားပွဲတော်ကျင်းပနိုင်ရန် မန်းချောင်းနှင့် သောင်ပြင် ပြင်ဆင်မှုပြုလုပ်ခဲ့ရာတွင်မူ ယခင်နှစ်က ပြင်ဆင်စရိတ် ကျပ်သိန်း(၄၀၀)ခန့်သာ ကုန်ကျခဲ့ပြီး ယခုနှစ် ကျပ်သိန်း(၁,ဝဝဝ)ကျော် ကုန်ကျမှုရှိခဲ့သဖြင့် ဝေဖန်မှုများနှင့် ပွဲဦးထွက် ကြုံတွေ့ခဲ့ကြရာ ထိုသို့ ယခင်နှစ်ကထက် (၃)ဆ ခန့် ကုန် ကျရသည့်အပေါ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းက

ပြီးခဲ့တဲ့နှစ်က ရကြေီးခဲ့တဲ့အခြေအနေကြောင့် ဒီနှစ် သောင်ပြင်ရတာ ပိုအားထည့်ရပါတယ်။ဂေါပက အသစ်ဖွဲ့ရတဲ့အချိန်တွေပေးခဲ့ရလို့လည်း ပြင်ဆင်ချိန် မရတာကြောင့် ယာဉ်၊စက်၊ယန္တယားတွေကို အင်အားတိုးပြီး အပြင် ကုမ္ပဏီကငှါးရတာကြောင့်ရယ်၊ အရင်နှစ်တွေ ကနဲ့မတူ ရေစပ်တည်းခိုဆောင်ပိုထွက်အောင် ရေလမ်းကြောင်း ပြောင်းရတာတွေကြောင့် ဒီနှစ်ကုန်ကျစ ရိတ် ပိုရတာဖြစ်ပါတယ်။ အဲလို ပိုကုန်ပေမယ့် ရေစပ်တည်းခိုဆောင်တွေ ပိုထွက်လာမှာ ဖြစ်လို့ ဘုရားကြီးဘဏ္ဍာငွေ ပိုရလာမှာပါ

ဟု ဖြေရှင်းချက်ပေးခဲ့သည်။

ဘုရားဖူးပြည်သူများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည့် တည်းခိုဆောင်ခနှုန်းထားများ မြင့်တက်မှု ပြေလျော့စေရန် လုပ်ငန်းတင်ဒါများ ခေါ်ယူရာတွင် ပန်းကြေး(လေလံအပြိုင်ဆွဲယူခြင်းမပြုရန် လုပ်ငန်းရှင် ကိုပေးရသည့် ငွေကြေး)နှင့် ရွှကြေိုများ(ဘုရားပွဲတော်ပြင်ပနေရာများမှ ဆီးကြို၍ တည်းခိုဆောင်များသို့ ဘုရားဖူးအပြိုင်ခေါ်ယူသူများ) ပပျောက်စေရန် ဆောင်ရွက်သွားမည်ဟု ဘုရားပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဥက္ကဌ က ပြောကြားခဲ့သော်လည်း ပန်းကြေးပေးမှုသာအတန်အသင့်လျော့ပါးခဲ့ပြီး ရွှကြေိုများ ထားရှိမှုအား ဖျောက်ဖျက်ပစ်ရန်မဖြစ်နိုင်ဟု ဂေါပကအဖွဲ့ဥက္ကဌက ပြောသည်။

ရွှေကြို ဖျောက်ပြစ်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါက လုပ်ငန်းရှင်တွေရဲ့ အခွင့်အရေးပါ။ဒါပေမယ့် ဘုရား ဖူးတွေအပေါ် အနှောက်အယှက် မဖြစ်အောင်တော့ စည်းကမ်းတကျနဲ့ တည်းကျောင်းအမည်၊လူအမည် ရေးထိုးထားတဲ့ လည်ဆွဲကတ်တွေဆွဲစေမှာပါ။လည်ဆွဲကတ်မပါဘဲ လုပ်တာတွေ့ရင် အရေးယူသွားမှာပါ



ဘုရားပွဲတော် ကျင်းပရန် တစ်လခန့်အလိုတွင် ချောင်းကူးတံတား(၁၃)စင်း၊ သန့်စင်ခန်း၊ ရေချမ်း စင်၊ ညောင်ထောက် စသည့်အရပ်ရပ်လုပ်ငန်း(၅၀)ခန့်နှင့် တည်းခိုဆောင်လုပ်ငန်းများအတွက် တင်ဒါများ ခေါ်ယူခဲ့ပြီး လုပ်ငန်း လုပ်ကိုင်လိုသူများက တင်ဒါလျှောက်လွှာတစ်စောင်လျှင် ကျပ်(၅)သောင်း ဖြင့်ဝယ်ယူ လျှောက်ထားကြရသည်။

ပြေစာဖြတ် အလှူခံခြင်းမပြုရဘဲ သဒ္ဒါကြေးသာရရှိသည့် ရေချမ်းစင်၊ ညောင်ထောက် ကဲ့သို့သော လုပ်ငန်းမျိုးပင် ကျပ် သိန်း(၄၀၀) ဝန်းကျင်အထိပေး၍ လေလံအောင်ခဲ့ကြရကြောင်း သိရပြီး တည်းခို ဆောင်လုပ်ငန်းမှာလည်း ကုန်းတည်း/ရေစပ်တည်း (၈)ခန်းတွဲ/(၁၁)ခန်းတွဲ/(၁၂)ခန်းတွဲ စသည့် တည်းခို ဆောင်များကို တင်ဒါလျှောက်လွှာတစ်စောင်လျှင်ကျပ်(၂)သိန်းဖြင့် ရောင်းချ၍ အိတ်ပိတ်တင်ဒါခေါ်ယူခဲ့ ရာ တင်ဒါလျှောက်လွှာ(၄၆၀)ကျော် ရောင်းချခဲ့ရကြောင်း သိရသဖြင့် ဘုရားကြီးဘဏ္ဍာတော်ငွေမှာ ယခင် နှစ်များကထက် ဝင်ငွေ ပိုတိုးလာဖွယ်ရှိ၏။

ရေ နှင့် ကြာ မျိုး ဖြစ်မည်စိုး….

ယင်းသို့ ဘုရားကြီးဘဏ္ဍာတော်ငွေတိုးလာမည့်ကိစ္စမှာ ဝမ်းမြောက်ဖွယ်ရာဖြစ်သော်လည်း ရမြေင့် သလောက် ကြာမြင့်လာမည်ကို စိုးရိမ်ကြသူများလည်းရှိနေသည်။

တစ် ခြားလုပ်ငန်းတင်ဒါဈေးတွေ မြင့်လာတာ သိပ်အကြောင်း မဟုတ်ပေမယ့် တည်းခိုဆောင် တင်ဒါ ကြမ်းခင်းဈေးက ကုန်းတွင်း/ရေစပ် နေရာကိုလိုက်ပြီး တစ်ဆောင်ကို သိန်း (၃၀)၊ သိန်း (၄၀)၊ သိန်း(၅၀)၊ သိန်း (၆၀)၊ သိန်း(၇၀) စသဖြင့် အစားစားရှိတယ်။ အိတ်ပိတ်တင်ဒါဖြစ်လို့ လုပ်ငန်းရှင် တွေက သူ့ထက်ငါ ဈေး ပေးပြီး ဆွဲကြတာ။ သိန်း(၁၃၀)အထိ ပေးဆွဲပြီး အောင်ကြသူတွေတောင် ရှိတယ်။ ပွဲတော်ချိန်ကလည်း(၂)လ လောက်ပဲရှိတော့ သတ်မှတ်ဈေးထက်ပိုတောင်းကြဦးမှာပါပဲ

ဟု တင်ဒါပွဲ လေ့ လာ သူတစ်ဦးက ပြောသည်။

ယခင် ဂေါပက လက်ထက်ကတည်းကပင် တည်းခိုခန်းခနှုန်းထားကို “ရေစပ်တစ်ခန်းလျှင် ကျပ်(၃) သောင်း၊ ကုန်းတွင်းတစ်ခန်းလျှင် ကျပ်(၂)သောင်းထက် ပိုမယူရ”ဟု သတ်မှတ်ထားသော်လည်း လူစည် ကားသည့်ရက်များတွင် ကျပ်(၁)သိန်းကျော်အထိ တောင်းယူနကြေသဖြင့် ဘုရားဖူးပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ခဲ့ကြရသည်။

ယခုနှစ် ဂေါပကအသစ်၏ လက်ထက်တွင် ထိုကိစ္စအား ဖြေရှင်းနိုင်မည်လားဟုမျှော်လင့်နကြေ သော်လည်း လေလံကြေး ကြီးမြင့်စွာပေး၍ ရယူနကြခြေင်းဖြစ်သောကြောင့် မျှော်လင့်ချက်မှာ မှေးမှိန် လျှက်ရှိကြောင်း စောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားခြင်းဖြစ်သည်။

ယင်းသို့ သုံးသပ်မှုများရှိနေသော်လည်း

ဒီနှစ်မှာ ရေစပ်တစ်ခန်း ကျပ်(၃)သောင်း၊ ကုန်းတွင်း တစ်ခန်း ကျပ်(၂)သောင်း ထက်ပိုမယူရ ဆိုတဲ့ တည်းခိုဆောင်နှုန်းထားသတ်မှတ်ချက်ကို ဘုရားဖူးများ မြင်သာ ထင်သာရှိမယ့် နေရာတွေမှာ ဗီနိုင်းတွေနဲ့ ပြသထားဖို့စီစဉ်ထားပြီး ပိုယူလို့တိုင်ကြားလာရင် ထိထိ ရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်

ဟု ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က ပြောသည်။

ချောင်းအထက်ပိုင်းတွင် ထားရှိသော နမ္မဒါ(၁)/နမ္မဒါ(၂) အထူးတည်းခိုဆောင်များတွင် ကုတင်၊ မွေ့ယာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ ဗိုလ်ထိုင်အိမ်သာများ ပါရှိသည့် လုံးချင်းတစ်ခန်းလျှင် တစ်ရက် ကျပ်(၁)သိန်းနှုန်းထက် ပိုမတောင်းရန်လည်း စည်းကမ်းချက်ထုတ်ပြန်မည်ဖြစ်၏။ အဆိုပါ တည်းခိုဆောင် လေလံကိုမူ မကွေးတိုင်းအတွင်းရှိ လုပ်ငန်းရှင်များက လျှောက်ထားနိုင်ပြီး ကျန် တည်းခိုဆောင်များကိုမူ နယ်စုံမှ ပိုက်ဆံရှိသည့်လုပ်ငန်းရှင်ကြီးများက လာရောက်လက်ဝါးကြီးအုပ်သွားမည်စိုးသည့်အတွက် ဒေသ ခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် မင်းဘူးခရိုင်အတွင်းရှိ လုပ်ငန်းရှင်များကသာ လျှောက်ခွင့်ရ မည်ဟု ကန့်သတ်ထားသည်။

ပြောင်းလဲမှုများဖြင့်…..

မည်သို့ပင်ဆိုစေ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ယခုနှစ်တွင် ကျင်းပမည့်ဘုရားပွဲ တော်မှာ ယခင်နှစ်များကနှင့်မတူ ကွဲပြားထူးခြားချက်များစွာရှိနေသည်။

ယင်းတို့မှာ …

  • - ပွဲတော်ကာလမတိုင်မီ သောင်ပြင် ပြင်ဆင်ခဲ့ရာတွင် သောင်ကိုသာ ပြုပြင်ခြင်းမဟုတ်ဘဲ တည်းခိုဆောင် အရေအတွက် ပိုထွက်လာစေရန် မန်းချောင်းကိုပါ ရေလမ်းကြောင်း ပြောင်းလိုက်ခြင်း၊
  • - နှစ်စဉ် ခြောက်သွေ့သွေ့ရှိနေခဲ့သည့် အထက်စက်တော်ရာတန်ဆောင်းကို ဆေးရောင်ဖြင့် အမြင် တင့်တယ်စခြေင်း
  • - ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှု မဖြစ်စေရန် တစ်လမ်းမောင်းစနစ်ဖြင့် ပွဲတော် ပတ်လမ်းဖောက် လုပ်ခြင်း
  • - မိုးရေယိုစိမ့်၍ အမိုးနှင့်မျက်နှာကျက် ပျက်စီးမှုဖြစ်ပေါ်နေသည့် ဗိမ္မာန်တော်ကြီးကို ပြုပြင်ခြင်း
  • - ဘုရားဖူးများ ၁၂ရာသီ တည်းခိုနိုင်မည့် ဓမ္မာရုံများရှိရာ အောက်သောင်မှ ဗိမ္မာန်တော်အထိ လမ်း အား ကွန်ကရစ်ခင်း၍ လျှပ်စစ်မီးတိုင်များ ထားရှိခြင်း
  • - ဘုရားဖူးများ ဝင်ရောက်လေ့လာနိုင်ရန် ပွဲတော်အဝင်ဝရှိ ရွှေသမင်ခြံအား ပြုပြင်မွမ်းမံခြင်း
  • -  ၃မိုင်လမ်းကို ပြုပြင်၍ မြေသားလမ်းအဖြစ်ရှိနေသေးသည့် လှေတင်တံတားလမ်းကို ကတ္တရာခင်း ခြင်း
  • - ဗိမ္မာန်တော်အနီးရှိ ဝါး အဆောက်အဦအား ပြတိုက်အဖြစ် ဖန်တီးရန်စီစဉ်နခြေင်း
  • - ဖွင့်ပွဲတွင် သီတဂူဆရာတော်ကြီး၏ ဓမ္မသဘင်၊ နိုင်ငံကျော်အဆိုတော်များ၏ ဓမ္မတေးများဖြင့် မြတ် စွာဘုရားရှင်၏ စက်လက္ခဏာတော်ကို ပူဇော်ကြမည်ဖြစ်ခြင်း
  • - ဖွင့်ပွဲနေ့တွင် အထက်စက်တော်ရာနှင့် (၃)မိုင် ခန့်အကွာတွင်ရှိသည့် ဆင်စခန်းကို ဖွင့်လှစ်မည်ဖြစ် ခြင်း
  • - ဘုရားပွဲတော်အတွင်း ပေါ်ပေါက်လာမည့် ပြဿနာများကို ဂေါပကအဖွဲ့နှင့်ပူးပေါင်း၍ အနီးကပ် ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကော်မတီများဖွဲ့စည်းပေးထားခြင်း တို့ ဖြစ်သည်။

အသွင်သစ်ဆန်း ဆင်စခန်း……

ဘုရားဖူးများ အနဖြေင့် အထက်စက်တော်ရာ (၉)ခန်းကြီး လမ်းခွဲမှ (၈)မိုင်လမ်းအတိုင်း (၃)မိုင်ခန့် ဆင်းလျှင် ဆင်စခန်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး မန်းချောင်းရေတွင် ရေချိုး၍ ဆင်စာများကျွေးကာ သဘာဝ တောတောင်များ၏ ရှုခင်းများအား ဆင်များကိုစီး၍ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။

ဆင်စီးမည် ဆိုပါက တစ်ဦးလျှင် ကျပ်(၅)ထောင် သတ်မှတ်ထားကြောင်း သိရပြီး ဆင်စခန်းတွင် တည်းခိုနားနေ လိုပါကလည်း မွေ့ယာ၊ခြင်ထောင်၊စောင်၊ခေါင်းအုံး၊ရေချိုးခန်းနှင့် ဘိုထိုင်အိမ်သာပါရှိသော ဘိုတဲများတွင် တည်းခိုနိုင်ကြမည်ဖြစ်သည်။

ဘုရားကြီးရွာအတွင်းမှ ပတ်လမ်းဖောက်လုပ်လိုက်သည့်အတွက် အထူးသဖြင့် လူစည်ကားသည့် ရက်များ၌ တည်းခိုဆောင်လုံလောက်မှုမရှိသည့်အခြေအနေမျိုးတွင် ဘုရားကြီးရွာထဲရှိ နေအိမ်များတွင် တည်းခို နိုင်ကြမည် ဖြစ်၍ ဘုရားဖူးများအတွက် အဆင်ပြေနိုင်မည်ဖြစ်သကဲ့သို့ ဒေသခံရွာနေလူထုအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိကြမည်ဟု ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌးက ပြောသည်။

စက်တော်ရာ(၂)ဆူ၏ သမိုင်း…..

နမ္မဒါနဂါးမင်းတောင်းပန်မှုကြောင့် မြတ်စွာဘုရားရှင် ချထားပေးတော်မူခဲ့သည့် စက်တော်ရာ (၂) ဆူမှာ အင်းဝဘုရင် ဒုတိယမင်းခေါင်၏ သားတော် နရပတိမင်းလက်ထက်(သက္ကရာဇ် ၈၆၃ခုနှစ်) မှစ၍ ညောင်ရမ်းမင်းတရား၏ သားတော် (၂၂)ဆက်မြောက် အနောက်ဘက်လွန်မင်းတရားကြီး လက်ထက် (သက္ကရာဇ် (၉၉၀)အထိ နှစ်ပေါင်း(၁၂၇)နှစ်ခန့် လူသူအရောက်အပေါက်မရှိ တိမ်မြုပ်ခဲ့သည်။

အနောက်ဘက် လွန်မင်း၏ ညီတော် သာလွန်မင်းတရားကြီးလက်ထက် သီရိသုဓမ္မ ရာဇဂုရုဘွဲ့တော် ရ တောင်ဖီလာဆရာတော် အပါအဝင် ဆရာတော်ကြီး(၄)ပါးတို့ ခြေတော်ရာ အရှာထွက်ခဲ့ကြရာ ဆရာ တော်များ စခန်းချ ညအိပ်စဉ် သကြားမင်းက မုဆိုးအယောင်ဆောင်လာပြီး နံနက်လင်း၍ ခွေးနက်ကြီး ဝင်ရာတောထဲသို့ လိုက်ပါက ခြေတော်ရာ(၂)ဆူကို တွေ့လိမ့်မည် ဟု တောင်ဖီလာဆရာတော်ကို အိပ်မက် ပေး၏။ အိပ်မက် မြင်မက်သည့်အတိုင်း ခွေးနက်ကြီးတွေ့၍ လိုက်ပါခဲ့ကြရာ ဘီလူးတစ်ကောင်နှင့် တွေ့ ကြောင်း၊ ဘီလူးက ခြေတော်ရာ(၂)ဆူကို ပြသ၍ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစားကျောင်း အုပ်ဆရာ ကြီး ဦးတင်ရှိန် ရေးသားပြုစုသည့် ရွှေစက်တော်သမိုင်းအရ သိရသည်။

ရာသီမရွေး ဖူးမြော်နိုင်ပြီ….

အဆိုပါ မကွေးတိုင်း၏ သမိုင်းဝင် အထင်ကရအဖြစ် တည်ရှိသည့် မြတ်စွာဘုရားရှင်၏ ခြေတော်ရာ(၂)ဆူမှာ ဘုရားပွဲတော်ကာလ အလွန်တွင် သံအုပ်ဆောင်းဖြင့် အုပ်ဆောင်းထားရ၍ ဘုရားပွဲတော် ရာသီ၌သာ ဖူးမြော်ခွင့်ရခဲ့ကြသော်လည်း ယခုအခါ မန်းချောင်းကူးတံတားတစ်စင်းဖြစ်သည့် လှေတင်တံ တားကြီးလည်းရှိနပြေီး ခြေတော်ရာ (၂)ဆူကိုလည်း ဖန်အုပ်ဆောင်းဖြင့် သာ အုပ်ဆောင်းထားပြီဖြစ်၍ အချိန်မရွေး၊ ရာသီမရွေး လာရောက်ဖူးမြော်နိုင်ကြပြီဖြစ်သည်။

တစ်နှစ်တစ်ခေါက် ဖူးရောက်ချင်သနော် မန်းရွှေစက်တော်…..

မန်းစက်တော်ရာ ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့တွင် ဖွင့်လှစ်ပြီး နှစ်ဆန်း (၁)ရက်နေ့တွင် ပိတ်သိမ်းလေ့ရှိရာ တောတောင်တို့၏အလယ်၌ နမ္မဒါမြစ်၏ (၃)ကြိမ်ဦးခိုက်ပူဇော်ခြင်းကို ခံယူလျှက်ရှိနေသည့် ပါဒစက်တော်ရာ(၂)ဆူတည်ရှိရာ ဒေသလေးမှာ ရက်ပိုင်းအတွင်းမှာပင် ဒေသထွက် ကုန်များရောင်းချသည့်ဈေးသည်များ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် ပြန်လည် သက်ဝင်လှုပ် ရှားလာဦးမည် ဖြစ်၏။

“တစ်နှစ်တစ်ခေါက် ဖူးရောက်ချင်သနော် မန်းရွှေစက်တော်” ဟု ဆိုရိုးရှိကြသည့်အတိုင်း ယခုနှစ် ပြောင်းလဲမှုများဖြင့် ကျင်းပမည့် မန်းစက်တော်ရာဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ အသက်လေးရယ်ရှည်စေလို မန်းတောင်ရိပ်ကို ခို၍ စိတ်လက်ချမ်းသာစွာ ဘုရားလည်းဖူး၊ တောတောင် အငွေ့အသက်၏အရသာကို ခံစားနိုင်မည့် ဆင်စခန်းကိုလည်း လေ့လာကြည့်ရှုနိုင်ရန် အရောက်လှမ်း လှည့်ကြပါ ဟု ဖိတ်ခေါ်လိုက်ရပေသည်။

ဆောင်းပါးရှင် - ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...