မြိုင်မြို့နယ်တွင် ရိက္ခာယူရန် ထွက်လာသော ပျူစောထီးယာဉ်အား မိုင်းဆွဲတိုက်ခိုက်ရာ ကားပျက်စီးပြီး အများအပြား ဒဏ်ရာရသွား

Photo: မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 
Photo: မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 
မြိုင်မြို့နယ်တွင် ရိက္ခာယူရန် ထွက်လာသော ပျူစောထီးယာဉ်အား မိုင်းဆွဲတိုက်ခိုက်ရာ ကားပျက်စီးပြီး အများအပြား ဒဏ်ရာရသွား

 မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာယူရန် ထွက်လာသော စစ်ကောင်စီတပ်၏ လက်အောက်ခံ ပျူစောထီးယာဉ်အား ဒေသကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာ ကား ပျက်စီးသွားကြောင်း သိရသည်။

သရက်ကန်ပျူစောထီးစခန်းမှ ပခုက္ကူသို့ ရိက္ခာယူရန် ထွက်လာသောကားကို သရက်ကန် နှင့် တွင်းမကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ၂၀၂၃ခုနှစ်၊ မေလ(၁၁)ရက်နေ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ၎င်းတို့၏ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ က ယ‌နေ့ မေလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဒါ့အပြင် ယင်းနေ့တွင်ပင် သရက်ကန် ပျူစခန်းတောင်ဖက်၌ ကင်းပုန်းလာသော သရက်ကန်ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည် ။ 

မိုင်းဆွဲတိုက်ခိုက်မှုများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)  တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ ဘီးလုံးငှက်တပ်ဖွဲ့ ၊ TYK ပြောက်ကျားတပ်ဖွဲ့နှင့် ဧရာအနောက်တပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒေသတိုင်းတွင် သတင်းအချက်အလက် ရရှိရန် နှင့် စစ်အရန်အင်အားအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြည်သူ့စစ်များကို လက်နက်များပေးကာ ဖွဲ့စည်းထားရာ ၎င်းတို့ကို ဒေသကာကွယ်ရေးတော်လှန်ရေး စစ်သည်တော်များက ပျူစောထီးအဖွဲ့များဟု ခေါ်ကြလေ့ရှိသည်။