ကနီမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

ကနီမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

စစ်ကိုင်းတိုင်း ကနီမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် အလင်းဝင်လာကြောင်း KLG PDFထံမှ သိရသည်။

ကနီမြို့ရဲစခန်းထဲတွင် တာဝန်ကျနေသော ကလေးမြို့ ခ.လ.ရ (၈၇)မှ တပ်သား ဖိုးလပြည့်သည် ပြည်သူ့ရင်ခွင်ခိုလှုံလိုသဖြင့်  KLG PDF - ကျောက်လုံးကြီးထံ ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ(၅)ရက်နေ့ ညနေ(၄)နာရီခန့်တွင် စခန်းမှထွက်ခွာရန်ကြိုးစားစဉ် အခက်အခဲတချို့ကြောင့် ကနီမြို့နယ် ရဲစခန်းတွင်း အချင်းချင်းပစ်ခတ်မှုများဖြစ်ပွားကာ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းကို စစ်ကောင်စီတပ်သားများမှ လိုက်လံရှာဖွေသဖြင့် တော်လှန်ရေးတပ်သားများနှင့် ချက်ချင်းမဆုံနိုင်ဘဲ ဒီဇင်ဘာလ(၆)ရက်နေ့ ညပိုင်းမှ တော်လှန်ရေးဘက်တော်သားများထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တပ်သားဖိုးလပြည့်သည် MA-2 (၁) လက်၊ ကျည်ဘောက် (၅)ခု၊ ကျည် (၁၄၀)တောင့်တို့ဖြင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊ ၂၂၊ ၂၃) (KLG PDF-ကျောက်လုံးကြီး) မှ ဆုချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

#TachileikNewsAgency