ခလရ ၂၆၉ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ခလရ ၂၆၉ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၉)မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ ဒုတပ်ကြပ် ဝေလင်းသည် MA 3တစ်လက်၊ ကျည်ဘောက် (၅)ခု၊ ကျည် (၁၅၀)၊ ၄၀ မမ ဗုံးသီး (၁၀)လုံးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။

၎င်းအား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း(၁၀၀) ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့