သီပေါမြို့နယ်ရှိ စဥ့်အင်ရဲစခန်းကို TNLA သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ရဲနှစ်ဦးကို ဖမ်းမိ

သီပေါမြို့နယ်ရှိ စဥ့်အင်ရဲစခန်းကို TNLA သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ရဲနှစ်ဦးကို ဖမ်းမိ
ဒီဇင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်‌နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စဥ့်အင်ရဲစခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

၎င်းရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်များစွာနှင့် ရဲ(၂)ဦး အရှင်မိပြီး စစ်သုံးဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါ်တပ်စခန်းကို TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA News