ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပစ်ရပ်

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပစ်ရပ်
နိုဝင်ဘာ 29, 2023 | 2021 Military Coup

ရှမ်းပြည်သူလူထု၏ သဘောထားအရ SSPPနှင့်  RCSSတို့ အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ရှမ်းပြည်တိုးတက်‌ရေးပါတီ(SSPP)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့သည် ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နှင့် (၁၀)ရက်နေ့တို့တွင် နှစ်ဖက်ခေါင်းဆောင်များ၏ ညွှန်ကြားချက်အရ ယာယီအပစ်အခတ်ရပ်တန့်နိုင်ခဲ့ကာ ယမန်နေ့ နိုဝင်ဘာလ (၂၉)ရက်နေ့တွင်မူ အဖွဲ့အစည်းနှစ်ဖွဲ့ တွေ့ဆုံဆွေးနွေး၍ အပစ်အခတ်ရပ်စဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဖွဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာခဲ့ရခြင်းကြောင့် ရှမ်းပြည်သူလူထု၏ သဘောဆန္ဒအရ အပစ်အခတ် ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Photo : SSPP Info