ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး KRU ရဲဘော် (၁)ဦး ဒဏ်ရာရ

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး KRU ရဲဘော် (၁)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့တွင် နယ်မြေရှင်လင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဘက်က ထောင်ထားသည့် မိုင်းကို နင်းမိပြီး  ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၏ ရဲဘော် (၁)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့၏ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က ဖယ်ခုံမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ခွဲ(  ၃ ) JPDF မှ ရဲဘော်  (၁)ဦး ခြေထောက်ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။



မတ်လ(၅)ရက်နေ့ကလည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၏ (Commando) တပ်ခွဲ မှ ရဲဘော် (၁)ဦး   ကုန်းသာကျေးရွာတွင် မိုင်ရှင်းလင်းရေး လုပ်ဆောင်ရင်း   မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်နီ တပ်ပေါင်းစုတို့ နေ့စဉ် နှင့် အမျှ ထိတွေ့ မှုများ ပြင်းထန်လျက်ရှိပြီး စစ်ရေး သတင်းများကိုလည်း ဒေသခံ ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ နားစွံထားကြရန်လည်း အသိပေးမေတ္တာရပ်ခံထားသည်။