နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ်  ပြစ်မှုကျူးလွန်သည့် စစ်ကောင်စီအဖွဲ့သာ ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည်ဟု NUG ထုတ်ပြန် 

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ်  ပြစ်မှုကျူးလွန်သည့် စစ်ကောင်စီအဖွဲ့သာ ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည်ဟု NUG ထုတ်ပြန် 

 နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေ ခံယူရမည့်သူများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်တွင် သတင်းထုတ်ပြန်သည်။

 

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ် ခံရသူများ၊ မတရားညှင်းပမ်းနှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံသူများ၊ အိုးအိမ်စည်းစိမ်ဖျက်ဆီးခံရသူများအားလုံးအတွက် တရားမျှတမှုကို ပြန် လည်ရရှိနိုင်စေရေးနှင့် ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့် အလေ့အထကို အဆုံးသတ်နိုင်ရေးအတွက် NUG အနေ ဖြင့် ဆက်လက်တိုက်ပွဲဝင် မည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအပေါ်  ချမှတ်ထားသည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကြေညာချက်ပြန်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။