ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် သေဆုံးသူများကာ ထွက်ပြေး

ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် သေဆုံးသူများကာ ထွက်ပြေး

စစ်ကိုင်းတိုင်း ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးသူများစွာဖြင့် ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ခါမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀)ခန့်ပါဝင်သည့် ရန်သူ့တပ်အား အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် CNDF၊ RCDF တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ တပ်ပျက်၍  ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ထံမှ MA-10 RPG 7 (၁)လက်၊ MG-3 (၁) လက်၊ MA-S1 MK2 (၁)လက် အပါအဝင် လက်နက်မျိုးစုံ (၁၇)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အနည်းဆုံး အရာရှိတစ်ဦးအပါအဝင် ရန်သူ့အလောင်း (၁၀) လောင်း ကျော်တွေ့ရှိထားကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: MOD NUG