တာမွေမြို့နယ် လျှပ်စစ်ရုံးအား UG များဗုံးခွဲတိုက်ခိုက်

တာမွေမြို့နယ် လျှပ်စစ်ရုံးအား UG များဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း တာမွေမြို့နယ် လျှပ်စစ်ရုံးအား ရန်ကုန်မြို့ပြပြောက်ကျား(UG)များက ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညပိုင်းတွင် ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ လျှပ်စစ်ရုံးကို Freeland Attack Force (FLA)နှင့် Anonymous Fighters Force (AFF)၊ Emerald Girls Army(EGA)တို့မှ ဗုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"လတ်တလောတော့ အနားကပ်လို့မရသေးလို့ အသေးစိတ်ကိုတော့စုံစမ်းဆဲမို့ သေချာ မပြောနိုင်ဘူးဖြစ်နေသေးတယ်။"ဟု Freeland Attack Force(FLA)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ယနေ့ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင်ပြောသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် အဖွဲ့သားများအားလုံး တာမွေမြို့ နယ်မှ အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွါနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ 

ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များနှင့် ၎င်းတို့အနီးပတ်ဝန်းကျင်သို့ သွားလာခြင်းများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့တပ်စွဲအခြေချထားသည့်နေရာများကိုအတတ်နိုင်ဆုံး ရှောင်ရှားပေးကြရန်လည်း မေတ္တာရပ်ခံအပ်ထား သည်။ ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့ကလည်း ကျောက်တံတားမြို့နယ်ရှိ အခွန်ဦးစီးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး အခွန်ဒုဦးစီးမှူးတစ်ဦးအပါ (၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency