နောင်ချိုမြို့နယ်ရှိ အကျဥ်းဦးစီးစခန်း ၄ ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက် 

နောင်ချိုမြို့နယ်ရှိ အကျဥ်းဦးစီးစခန်း ၄ ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက် 
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ အကျဥ်းစခန်း (၄)ခုကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း  NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

နောင်ချိုမြို့နယ်ရှိ လွင်ကြီးအကျဥ်းဦးစီးစခန်း၊ ကျုအင်းအကျဥ်းဦးစီးစခန်း၊ ခိုဟိုအကျဥ်းဦးစီးစခန်းနှင့် ကုန်းစံအကျဥ်းဦးစီးစခန်းတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း MA-11 (၅၀)လက်၊ MA-12 (၉)လက်၊ MA-5 (၁၃)လက်၊ Shot Gun (၃၂)လက်၊ 5.56 ကျည် (၈၂,၄၅၈)တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁,၅၉၂)တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency