ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် အရပ်သားနှစ် ဦးဒဏ်ရာရ

ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် အရပ်သားနှစ် ဦးဒဏ်ရာရ

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သား(၂)ဦးဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KNUဗဟိုက ယနေ့ ဩဂုတ်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ခမရ(၅၄၅)မှ ကရင်ကျောက်ဖျာရွာအတွင်းကို (၁၂၀)မမ လက်နက်ကြီးဖြင့်  ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ နော်ချစ်သန်း (၅၃)နှစ်တွင် ညာဖက်လက်တစ်ဖက်လုံး ကြေမွပြင်းထန်ဒဏ်ရာနှင့် ဦးတလက်မ (၆၉)နှစ်တွင် ဘယ်ဖက် ပုခုံးစွန်း ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အပြင် ကရင်ကျောက်ဖျာရွာနေ ဒေါ်မယ်ကြည် (၆၅)နှစ်၏ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဦးညိမ် (၆၀)နှစ်၏ လယ်ထွန်စက်တစ်စီးလည်း ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Karen Natioanl Union