စစ်ကောင်စီက သတင်းမီဒီယာကောင်စီ ဥက္ကဌ ဖြစ်သူ  ဒုဗိုလ်မှူးကြီးဟောင်း စာရေးဆရာ မြင်းမူမောင်နိုင်မိုးကို အမျိုးသားစာပေတစ်သက်သာဆု ချီးမြှင့်

စစ်ကောင်စီက သတင်းမီဒီယာကောင်စီ ဥက္ကဌ ဖြစ်သူ  ဒုဗိုလ်မှူးကြီးဟောင်း စာရေးဆရာ မြင်းမူမောင်နိုင်မိုးကို အမျိုးသားစာပေတစ်သက်သာဆု ချီးမြှင့်
အောက်တိုဘာ 29, 2022 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီက သတင်းမီဒီယာကောင်စီ ဥက္ကဌ ဖြစ်သူ  ဒုဗိုလ်မှူးကြီးဟောင်း စာရေးဆရာ မြင်းမူမောင်နိုင်မိုးကို အမျိုးသားစာပေတစ်သက်သာဆု ချီးမြှင့်

* * * * *

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ ခန့်အပ်ထားသည့် မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဌ ဖြစ်သူ  ဒုဗိုလ်မှူးကြီးဟောင်း စာရေးဆရာ မြင်းမူမောင်နိုင်မိုး (ဦးအုန်းမောင်)ကို ၂၀၂၁ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်သာဆုအဖြစ် ပေးအပ်ချီးမြှင့်ကြောင်း ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာများကနေ ကြေညာလာသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာသတင်းမီဒီယာကောင်စီကို ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းပြီး  သတင်းအချက်အလက် အကြောင်းအရာကို သေသေချာချာ သိရှိနားလည်ခြင်းမရှိသည့် သတင်းသမားမဟုတ်သော ဒုဗိုလ်မှူးကြီးဟောင်းများဖြစ်သည့်  မြင်းမူမောင်နိုင်မိုး (ဦးအုန်းမောင်)ကို ဥက္ကဌအဖြစ်လည်းကောင်း ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)ကို ဒုတိယဥက္ကဌ(၁)အဖြစ် လည်းကောင်း ခန့်အပ်ထားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်သာဆုအတွက် စာပေပညာရှင်အဖြစ် ဒုဗိုလ်မှူးကြီးဟောင်း မြင်းမူမောင်နိုင်မိုး (ဦးအုန်းမောင်) အပါအဝင် စာရေးဆရာ တက္ကသိုလ်မြတ်သူ(ဦးမြတ်သူ)၊ ဒေါက်တာမျိုးသန့်တင် နှင့် စာရေးဆရာမ ဒေါက်တာမတင်ဝင်းတို့ကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သတင်းမီဒီယာဝါဒဖြန့်ချိရေး နှင့် ပတ်သက်၍ စာပေ နှင့် သတင်းနယ်ပယ် အပါအဝင် ဂီတနှင့်အနုပညာပိုင်းက ထင်ရှားသူများကိုပါ ဆုပေးစနစ်များဖြင့် စည်းရုံးထားရှိသည်ကို ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားချက်အရ တွေ့ရသည်။

အာဏာသိမ်းတပ်ကို အပြည့်အဝ မျက်နှာမူထားသည့်   ဒုဗိုလ်မှူးကြီးဟောင်း စာရေးဆရာ မြင်းမူမောင်နိုင်မိုး (ဦးအုန်းမောင်)သည် တပ်တွင်း၌ စာပေရေးရာပြိုင်ပွဲများကို ကျင်းပပေးနေသူဖြစ်ပြီး ၎င်းသည် သတင်းစာများတွင်လည်း စစ်တပ်အတွက် ဝါဒဖြန့် ကဗျာများကို အခြားကလောင်အမည်ဖြစ်လည်း ရေးသားသူဖြစ်နေရာ ယခုအခါတွင် ၂၀၂၁ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်သာဆုအဖြစ် ပေးအပ်ချီးမြှင့်ခံရသည်။