မန္တလေးတွင် ရွှေပြည်စိုးစစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ကာ လမ်းပေါ်တွင် PDF အလံလွှင့်ထူ

မန္တလေးတွင် ရွှေပြည်စိုးစစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ကာ လမ်းပေါ်တွင် PDF အလံလွှင့်ထူ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးမြို့၊ အမှတ်(၂) ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဥ်သိုလှောင်ရေး တပ်ဝန်းမှ အရာရှိအိမ်ယာကို ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ရွှေပြည်စိုးတပ်ဖွဲ့ထံမှ သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မန္တလေးတိုင်းရုံး၏ အရှေ့ဘက်၊ တောင်သမာန်ကန်ထိပ်ရှိ အမှတ်(၂) ပင်မ အလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဥ်သိုလှောင်ရေး တပ်ဝန်းမှ အရာရှိအိမ်ယာကို Fixed Wing Droneဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ဝန်းများမှာ စစ်ကောင်စီ ထောက်လှမ်းရေးတပ်နှင့် ကပ်လျက်ရှိနေသည့် တပ်များဖြစ်ပြီး ယင်းသို့တိုက်ခိုက်ခဲ့သည့်အပြင် တောင်သမန်လမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလံတော်ကိုလည်း စိုက်ထူခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ရွှေပြည်စိုး