သိန္နီမြို့နယ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို TNLA သိမ်းပိုက်

သိန္နီမြို့နယ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို TNLA သိမ်းပိုက်
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ိန္နီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၏ မန်လွင်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်စခန်းမှ တီးမား၊ ဟိုမောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၆)ကြိမ် ပစ်ခတ်ခဲ့ပြီး နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သံဘိုတပ်စခန်းမှ ဆင်ဖြူရေးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၆)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာလမ်းခွဲတွင်လည်း စစ်ကောင်စီတပ်နှင့် TNLAတို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

နိုဝင်ဘာလ (၁၄)ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းနှင့် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တာဆိုင်လျံတပ်စခန်းကိုလည်း TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

#TachileikNewsAgency