စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေးတစ်ဦး အလင်းဝင်

စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေးတစ်ဦး အလင်းဝင်

တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေးတစ်ဦး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့က ကျားသစ်နက်စစ်ကြောင်းထံ အလင်းဝင်လာကြောင်း ယနေ့ ဒီဇင်ဘာလ (၉)ရက်နေ့တွင် ၎င်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကျားသစ်နက်စစ်ကြောင်းထံ အလင်းဝင်လာသည့် တပ်ကြပ်ကြီးစာရေး မိုးကျော်သူကို လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားသည်ဟု ဆိုသည်။

ပြည်သူလူထုကို ကာကွယ်ရန်သာ တာ၀န်ရှိသည်ဟု ခံယူထားသော တပ်မတော်သားများအနေဖြင့် ပြည်သူ့ဘက်က ရပ်တည်ပေးကြရန်

ထပ်မံတိုက်တွန်းထားပြီး CDM ၀င်လာသော တပ်သားများ၏ လူသားဂုဏ်သိက္ခာကိုထိန်းသိမ်းကာ ဘ၀အာမခံချက်ရှိသော အစီအစဉ်များဖြင့် ကျားသစ်နက်စစ်ကြောင်းမှ နွေးထွေးစွာ ကြိုဆိုမည်ဟု သတင်းထုတ်ပြန်သည်။

#TachileikNewsAgency