ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင် ရေဝပ်သည်ဟုဆိုကာ မြေတူးစက်များဖြင့် ရေမြောင်းများတူး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင် ရေဝပ်သည်ဟုဆိုကာ မြေတူးစက်များဖြင့် ရေမြောင်းများတူး

ရှေ့ဟောင်းပုဂံယဉ်ကျေးမှုနယ်မြေတွင် ရေဝပ်သည်ဟုဆိုကာ စစ်ကောင်စီဌာနဆိုင်ရာများက မည်သည့် ဆန်းစစ်လေ့လာမှုမှမလုပ်ဘဲ မြေတူးစက်များဖြင့် ရေမြောင်းများတူးဖော်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဌာနဆိုင်ရာများက  ပုဂံဘုရားများအနီးတွင် မြေတူးစက်များဖြင့် တူးယူနေခြင်းဖြစ်ပြီး ရေမြောင်းမှာ အနက်(၃)ပေကျော်၊ တစ်မီတာဝန်းကျင် တူးထားသည်ကိုတွေ့ရကာ မြေအောက် အုတ်လွှာများလည်း တူးထုတ်ဖယ်ရှားခံရသည်များကိုလည်းတွေ့ရကြောင်း ဒေသခံများကပြောသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပုဂံဘုရားအုတ်တံတိုင်းများကို ခြံစည်းရိုးခတ်ကာ ကြက်ဆင်မွေးမြူနေသည့် ဓာတ်ပုံများလည်း တက်လာခဲ့သေးသည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသသည် ၂၀၁၉ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်သည့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Zay Myo Lin