ချင်းလက်ဝ စစ်ကောင်စီတပ်စခန်း AA ၃ ရက်အတွင်းသိမ်းပိုက် 

ချင်းလက်ဝ စစ်ကောင်စီတပ်စခန်း AA ၃ ရက်အတွင်းသိမ်းပိုက် 
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ချင်းလက်ဝ စစ်ကောင်စီတပ်စခန်းကုန်းအား ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစတင်၍ ရခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသော စစ်ကောင်စီ တပ်စခန်းကုန်းများထဲမှ ပလက်ဝမြို့နယ်၊ ခမောင်းဝ စခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီလ (၃)ရက်နေ့တွင် ချင်းလက်ဝ စခန်းကုန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့် တစ်ဝက်တစ်ပျက်၊ အနည်းငယ်သာကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: AA Info Desk