ရေးမြို့ရှိ ခမရ (၅၉၁) ဂိတ်အား မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနှင့်ပစ်ခတ်

ရေးမြို့ရှိ ခမရ (၅၉၁) ဂိတ်အား မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနှင့်ပစ်ခတ်
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြိုနယ်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီးနှင့်ပစ်ခတ်ကာ ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဒေါနစစ်ကြောင်းနှင့် ရေးသိမ်းငှက်အဖွဲ့က ခမရ (၅၉၁)ဂိတ်‌ရှေ့တွင် မိုင်းခွဲတိုက်ခိုက်ပြီး တပ်စခန်းအတွင်းသို့ (၄၀)မမဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စခန်း ဂိတ်ရှေ့တွင် မိုင်းခွဲခဲ့သော်လည်း တပ်အတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်လာခဲ့ခြင်းမရှိကြောင်း သိရသည်။

မြေပြင်သတင်းများအရ (၅၉၁)တပ်အတွင်းတွင် ၎င်းတပ်ရင်းမှ စစ်ကောင်စီတပ်များသည် ခမရ (၅၈၃)သို့ ပြောင်းရွှေ့သွားကြောင်း ဒေါနစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency