ကရင်နီပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျ ယာဉ်မောင်းနှစ်ဦး လေထီးဖြင့်ခုန်ချကာ လွတ်မြောက်သွား

ကရင်နီပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျ ယာဉ်မောင်းနှစ်ဦး လေထီးဖြင့်ခုန်ချကာ လွတ်မြောက်သွား
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအား လာရောက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီး ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက ပျက်ကျသွားကြောင်း ကယားပြည်နယ် ဒေသတင်းသတင်းများ ဖော်ပြနေသည့် JFKက ဖော်ပြထားသည်။

အဆိုပါရဟတ်ယာဉ်သည် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီဒေသကို လာရောက်ပစ်ခတ်ပြီးအပြန် ဖရူဆို‌ဒေသ၌ ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၂)ဦး လေထီး‌ခုန်ချကာ လွတ်မြောက်သွားသည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များကမူ လေယာဉ်ပျက်ကျသည်မှာ မှန်ကန်ပြီး လေယာဉ်မှူး(၂)ဦး လွတ်မြောက်သွားကြောင်း ရေးသားထားကြသည်။

ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၁၁၁၁ စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး လွိုင်ကော်အပါအဝင် မြို့နယ်တချို့တွင် စစ်ကောင်စီတပ်နှင့် အာဏာရှင်နှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဦးတည်ကာ စစ်ကောင်စီ၏ အုပ်ချုပ်‌ရေးယန္တရား အလုံးစုံပြိုလဲရေး စစ်‌ရေးဖော်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency