နောင်ကြီးအိုင်ရဲစခန်းကို စစ်ကောင်စီတပ်များစွန့်ခွာ

နောင်ကြီးအိုင်ရဲစခန်းကို စစ်ကောင်စီတပ်များစွန့်ခွာ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို စွန့်ခွာလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အင်အားရာချီသည့် စစ်ကောင်စီတပ်သည် နောင်ကြီးအိုင်ရဲစခန်းကိုစွန့်ခွာပြီး အရာတော်မြို့ကို ထွက်လာစဉ် ဒေသကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် အထိနာသဖြင့် လေကြောင်းပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားရပြီး ဒီဇင်ဘာလ (၂၁)ရက်နှင့် (၂၂) ရက်နေ့တို့တွင်လည်း တော်လှန်ရေးတပ်များက နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီးချ၍ နယ်မြေရှင်းလင်းခဲ့ကာ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

ဒေသကာကွယ်ရေးတပ်များသည် နောင်ကြီးအိုင်ရဲစခန်းကို (၄)ကြိမ် စခန်းသိမ်းနိုင်ရန်တိုက်ခိုက်ခဲ့ပြီး နေ့စဉ် ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများကြောင့် စခန့်စွန့်ခွာသွားခြင်းဖြစ်သည်ဟု သိရသည်။

စွန့်ခွာသွားသည့်စခန်းအား ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ရှင်းလင်းပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နောင်ကြီးအိုင်ရဲစခန်းတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၅) တပ်ရင်း MRA၊ အရာတော်မြို့နယ်မှ တော်လှန်ရေးအင်အားစုများ၊ GTR MMU ဒရုန်းတပ်ဖွဲ့နှင့် Sagaing Federal Wings ဒရုန်းတပ်ဖွဲ့များ၊ ပကဖများ ပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အရာတော်ပို့စ်