လောက်ကိုင်ဒေသပြန်လည်ရရှိရေး စစ်ရေးအရှိန်မြင့်မည်ဟု မဟာမိတ်တပ်များထုတ်ပြန်

လောက်ကိုင်ဒေသပြန်လည်ရရှိရေး စစ်ရေးအရှိန်မြင့်မည်ဟု မဟာမိတ်တပ်များထုတ်ပြန်
နိုဝင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

လောက်ကိုင်ဒေသပြန်လည်ရရှိရေး အတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းကလည်း လောက်ကိုင်မြို့မှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိ ရသည်။

တာရွှေထန်ဘက်တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး လောက်ကိုင်မြို့အနီးတွင်လည်း တိုက်ပွဲတစ်ချို့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၇)ရက်နေ့တွင် MNDAAသည် ရှီးရှမ်းဒေသ၊ တာ‌ရွှေထန်ရှိ စစ်ကောင်စီလက်အောက်ခံ (၁၁)တပ်စခန်းအား နာရီဝက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ယင်းနေ့နံနက်ပိုင်းတွင်ပင် MNDAAသည် တုန်းရှမ်းဒေသ၊ ပန်းဝါရှိ စစ်ကောင်စီ၏ တပ်စခန်းအား နာရီဝက်ခန့်အကြာတွင် သိမ်းပိုက်ခဲ့ပြီး မုံးကိုးဗျူဟာကုန်းအား ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ မုံးကိုးဗျူဟာကုန်းအား နိုဝင်ဘာလ (၅)ရက်နေ့ကတည်းကပင် (၃)ရက်တိုင်တိုင် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသည့်အပြင် ၎င်းစခန်းမှ သိမ်းပိုက်ရရှိခဲ့သည့် ဟောင်ဝီဇာအမြောက် (၂)လက်အား ဖျက်ဆီးခဲ့ပြီး EE-9 သံချပ်ကာ ကားကြီး (၁)စီးအား သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ရှိလာနေကြောင်း သိရသည်။

#TachileikNewsAgency