ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို MNDAA တပ်များ ၁၀ မိနစ်အတွင်း သိမ်းပိုက်ရရှိ

ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို MNDAA တပ်များ ၁၀ မိနစ်အတွင်း သိမ်းပိုက်ရရှိ
နိုဝင်ဘာ 6, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ တုန်းရှမ်းဒေသ၊ ရှင်ရွှေထန်ရှိ စစ်ကောင်စီတပ်စခန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ (၁၀)မိနစ်အတွင်း စခန်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၇)နာရီဝန်းကျင်တွင် MNDAAသည် တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနှင့် ကျင်ဖန်ဟော် နေရာတွင်ရှိသည့် စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။  

ထို့အပြင် သိန္နီမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်း(၂၉၁)စခန်းကို ယနေ့နံနက်ပိုင်းတွင် MNDAAက ဒရုန်းဖြင့် တစ်ကြိမ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မဟာမိတ်တပ်များသည် ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေးပေါင်း (၁၁၂)ခုအား သိမ်းယူရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency