တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်  AA, TNLA , MNDAA တို့ စစ်ကောင်စီနှင့် မိုင်းလားတွင် တွေ့ဆုံရန် ရောက်ရှိ

တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်  AA, TNLA , MNDAA တို့ စစ်ကောင်စီနှင့် မိုင်းလားတွင် တွေ့ဆုံရန် ရောက်ရှိ

 တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်းညီနောင် မဟာမိတ်( ၃ )ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ကြးဝင် ညှိနှိုင်းပေးမှုအရ ၂၀၂၃ခုနှစ်၊ မေလ( ၃၀ )ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)မှ ကိုယ်စားလှယ်များမှာ ရှမ်း ပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားဒေသ သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၎င်း( ၃ )ဖွဲ့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ‌ဇွန်လ(၁) ရက်နေ့တွင် တွေ့ဆုံကြမည်ဟု သိရသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း မိုင်းလားမြို့ကို ရောက်ရှိ နေကြောင်း သိရသည်။