စစ်ကောင်စီတပ်များ စခန်းစွန့်သွားသည့် တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်း

စစ်ကောင်စီတပ်များ စခန်းစွန့်သွားသည့် တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်း
နိုဝင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံရဲများ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့က စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်များက ဝင်ရောက်ရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ABSDFထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံရဲများသည် ရဲစခန်းကို စွန့်ခွာပြီးနောက် မြေမြုပ်မိုင်းများထောင်ထားခဲ့သဖြင့် ABSDFမှ မိုင်းကျွမ်းကျင်သူ ရဲဘော်များမှ မဟာမိတ် PDFတပ်ရင်းများနှင့်ပူးပေါင်း၍ မိုင်းများလိုက်လံရှင်းလင်းပေးနေရဆဲဖြစ်သည်ဟု ဆိုသည်။ 

တောင်ခင်ရန်းရဲစခန်းကို ABSDFနှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊  ပ.က.ဖ များက ၂၀၂၃ ခုနှစ် မေလကုန်မှစတင်၍ အနီးကပ်ဝိုင်းဝန်းပိတ်ဆို့ထားပြီး နိုဝင်ဘာလ(၁)ရက်နေ့နှင့် နိုဝင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် အနီးကပ်တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :ABSDF Column - 3