ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ (၈၂၀)ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ (၈၂၀)ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ (၈၂၀)ရက်မြောက်နေ့အဖြစ် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းချီတက် ဆန္ဒပြခဲ့ကြသည်။

ဒေသတွင်း သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်း၍ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ၊ တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီးထုအားမာန်"စသည့် စာသားများကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်ကို ချီတက်ခဲ့ကြကာ တော်လှန်ရဲဘော်များမှလည်း တော်လှန်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ