ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရွာ(၄)ရွာမှ အိမ်ခြေ (၉၀)နီးပါး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရွာ(၄)ရွာမှ အိမ်ခြေ (၉၀)နီးပါး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လက PDFတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များက ညောင်ပင်ကြီးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



ညောင်ပင်ကြီးရွာ အနီးရှိ ကျေးရွာ(၄)ရွာမှ နေအိမ်များကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရသည့် ပျက်စီးမှု အခြေအနေများကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဖော်ပြလာသည်။



#TachileikNewsAgency

Photo :Aung Khat Zaw(ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)