အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံခြားငွေရနေသည့် MOGEကို US စီးပွားရေးပိတ်ဆို့

အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံခြားငွေရနေသည့် MOGEကို US စီးပွားရေးပိတ်ဆို့
အောက်တိုဘာ 31, 2023 | 2021 Military Coup

အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားငွေ အဓိကရရှိနေ‌သည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGEကို အမေရိကန်က စီးပွားရေးပိတ်ဆို့ကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။ 

MOGEကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရာတွင် ကနေဒါ၊ ဗြိတိန်တို့နှင့်အတူ ပူးတွဲစီးပွားရေးပိတ်ဆို့ခြင်းဖြစ်ပြီး MOGEနှင့်သက်ဆိုင်သော ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်သော်လည်းကောင်း မလုပ်ကိုင်ရန် တားမြစ်ထားသည်။   

ထို့အပြင် စစ်ကောင်စီတပ် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စက်မှုဝန်ကြီး ချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေးဆက်ဆံရေးဝန်ကြီး ကံဇော်၊ တရားရေးရာဝန်ကြီးဌာနမှ ညွှန်ချုပ် ဆွေဆွေအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဇော်မင်းတို့နှင့် Sky Royal Hero Company Limited၊  Suntac Technologies Company Limited၊ Suntac International Trading Company Limitedတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ပိတ်ဆို့မှုသည် လာမည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့မှစတင်ကာ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency