စစ်ကိုင်းမြို့နယ် အုန်းတောရွာရှိ တင့်ကားတပ်ရင်းအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းမြို့နယ် အုန်းတောရွာရှိ တင့်ကားတပ်ရင်းအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်ကောင်စီတင့်ကားတပ်ရင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်း Phoenix Sagaing အဖွဲ့မှ ကြေညာချက်ထုတ်ပြန်သည်။

မေလ (၅) ရက်နေ့တွင် အုန်းတောရွာရှိ အမှတ် (၆၀၀၅)တင့်ကားတပ်ရင်းအား Fix Wing နည်းပညာသုံး ဒရုန်းဖြင့် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့ရာ အသီးများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦးများဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်းသိရသည်။

ဒရုန်းကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၄၀ မမ များ ၊ လက်နက်ငယ်များဖြင့်  ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုကို Phoenix Sagaing၊ ကြောင်လက်သည်း (ဝက်လက်)၊ Young Wolf (L.P.D.F)၊ တောတွင်း တွတ်ပီ(L.P.D.F)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Forceနှင့် နယ်မြေခံ ပ.က.ဖများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo: Phoenix Sagaing