ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ေတြေက်းရြာအနီး လက္ဖက္စိုက္ခင္းသြားလမ္းတြင္ မုိင္းေပါက္ကြဲ၍ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ေတြေက်းရြာအနီး လက္ဖက္စိုက္ခင္းသြားလမ္းတြင္ မုိင္းေပါက္ကြဲ၍ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ
ဒီဇင်ဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ နမ့္ဆန္ၿမိဳ႕နယ္၊ နမ့္ေတြေက်းရြာအနီးတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ( ၂၆ ) ရက္ေန႔ နံနက္ပိုင္းက လက္ဖက္စိုက္ခင္းအသြားလမ္းတြင္ မုိင္းေပါက္ကြဲ၍ အသက္ ( ၅၅ )ႏွစ္အရြယ္ ေဒသခံအမ်ိဳးသမီးတစ္ဦး ဒဏ္ရာအျပင္းအထန္ရရိွသျဖင့္ ေက်ာက္မဲျပည္သူ႔ ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

နမ့္ဆန္ၿမိဳ႕နယ္၊ နမ့္တြန္းေက်းရြာအုပ္စု၊ နမ့္တြန္းေက်းရြာမွ ေဒၚသိန္းျမသည္ ဒီဇင္ဘာလ (၂၆) ရက္ေန႔၊ နံနက္ (၉) နာရီခြဲဝန္းက်င္က ေက်းရြာ၏ အေနာက္ဖက္ (၄) ဖာလံုခန္႔ အကြာရွိ လက္ဖက္စိုက္ခင္းသို႔ အသြား ႀကိဳးစတစ္ခုအား တိုက္မိကာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ညာဘက္ေျခဖမိုး ေပါက္ထြက္ ဒဏ္ရာႏွင့္ ဘယ္ဘက္ေျခသလံုးတြင္ ေပါက္ကြဲစ ထိမွန္ဒဏ္ရမ်ားရရွိခဲ့ၿပီး ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ခြဲစိတ္ကုသေပးထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၁)ရက္ေန႔က ေက်ာက္မဲခရိုင္၊ မိုင္းေငါ့ၿမိဳ႕နယ္၊ မန္ေခါက္ေက်းရြာအုပ္စု၊ ခုိငင္းေက်းရြာတြင္ အသက္ (၂၆)ႏွစ္အရြယ္  နန္းေငြခိုင္ႏွင့္ အသက္ (၂၀)ႏွစ္အရြယ္ မခမ္းရင္တို႔ ဆုိင္ကယ္စီးနင္းလာစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ တစ္ဦးေသဆံုးသြားေၾကာင္း သိရွိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၆ ) ရက်နေ့ နံနက်ပိုင်းက လက်ဖက်စိုက်ခင်းအသွားလမ်းတွင် မိုင်းပေါက်ကွဲ၍ အသက် ( ၅၅ )နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ကျောက်မဲပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်တွန်းကျေးရွာမှ ဒေါ်သိန်းမြသည် ဒီဇင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၉) နာရီခွဲဝန်းကျင်က ကျေးရွာ၏ အနောက်ဖက် (၄) ဖာလုံခန့် အကွာရှိ လက်ဖက်စိုက်ခင်းသို့ အသွား ကြိုးစတစ်ခုအား တိုက်မိကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ညာဘက်ခြေဖမိုး ပေါက်ထွက် ဒဏ်ရာနှင့် ဘယ်ဘက်ခြေသလုံးတွင် ပေါက်ကွဲစ ထိမှန်ဒဏ်ရများရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့က ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ ခိုငင်းကျေးရွာတွင် အသက် (၂၆)နှစ်အရွယ် နန်းငွေခိုင်နှင့် အသက် (၂၀)နှစ်အရွယ် မခမ်းရင်တို့ ဆိုင်ကယ်စီးနင်းလာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~